အနံ့ပျောက်သူတွေ အနံ့ပြန်ရရုံနဲ့ ကိုဗစ် ပျောက်သွားခြင်းမဟုတ်၊ တခြားသူများကို ကူးနိုင်

အနံ့ပျောက်သူတွေ အနံ့ပြန်ရရုံနဲ့ ကိုဗစ် ပျောက်သွားခြင်းမဟုတ်၊ တခြားသူများကို ကူးနိုင်

“အနံ့ပျောက်သူများ အနံ့ပြန်ရရင် သူများကို မကူးနိုင်ဟု ထင်ကြပါတယ် ။ ဒါ မှားပါတယ်။ ၂ ပတ်အထိ ကူးနိုင်ပါတယ်” ယခုရန်ကုန်တိုင်းမှာ အနံ့ရုတ်တရက်ပျောက်လူနာတွေများလာပါတယ်။ ကျနော့်ကိုယ်ပိုင်အမြင်အရ ကိုဗစ် ဘယ်လောက်ဆက်ပြီး ပျံ့မလဲဆိုတာက အနံ့ပျောက်လူနာတွေအနေနဲ့ အခြားသူဆီမကူးအောင် ဘယ်လောက်နေနိုင်လဲအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ သင်ဟာ အနံ့ပျောက်ပြီးဆိုရင် အောက်က အချက်တွေကို နားလည်ဖို့လိုပါတယ်။

(၁) ဖျားတာ ချောင်းဆိုးတာ မရှိရင် အနံ့ပျောက်လူနာအများစုဟာ ကိုဗစ် ရောဂါနောက်ဆက်တွဲ ဆိုးရွားတဲ့ ပြသနာတွေဖြစ်ပေါ်လေ့မရှိပါ။ အနံ့ တစ်ခုထဲ ပျောက်တာဟာ ဆေးပညာအရ good prognosis လို့တောင် ပြောကြပါတယ်။ ဆိုလိုတာက ကိုယ်ကိုယ်တိုင်အတွက် စိုးရိမ်စရာသိပ်မရှိပါ။

(၂)အနံ့ပြန်ရဖို့ ထွေထွေထူးထူး ဆေးမလိုပါ။ သူ့ဘာသာ တစ်ပတ်လောက်အတွင်း အနံ့ပြန်ရပါတယ်။

(၃)အနံ့ပျောက်လူနာများဟာ အနံ့မပျောက်ခင် ၂ ရက်ကစပြီး ၂ ပတ်အတွင်း အခြားလူများကို ကူးနိုင်ပါတယ်။ အနံ့ပြန်ရရင်လဲ ၂ ပတ်အထိ အခြားသူကို ကူးနိုင်လို့ သီးသန့်ခွဲနေဖို့ အရေးကြီးပါတယ်။

(၄)အနံ့ပျောက်လူနာများဟာ အနံ့ပြန်ရရင်မကူးနိုင်တော့ဖူးလို့ ယူဆနေကြပါတယ်။ ဒါဟာ အယူအဆ အမှားပါ။ (၂) ပတ်အထိကူးနိုင်ပါတယ်။

(၅) အနံ့ပျောက်ပြီဆိုတာနဲ့ အိမ်ကလူတွေနဲ့ ခွဲနေပါ။ နီးစပ်ရာ fever clinic (သို့) ဆေးရုံကို အကြောင်းကြားပြီး ကုသအကြံပေးမှုကိုခံယူပါ။ လိုအပ်ရင် fever clinic များမှ အနံ့ပျောက်စင်တာများသို့ ပို့ပေးပါလိမ့်မယ်။

(၆)ကျနော်တို့ သတိပေးချင်တာကတော့ အနံ့မရတာ တခုပဲရှိတဲ့ လူနာတွေဟာ သူတို့ကိုကုဖို့ဆိုတာထက် အခြားလူကိုမကူးအောင် နေကြဖို့ပိုအရေးကြီးတယ်ဆိုတာကို သတိပေးချင်တာပါ။ ဒါကြောင့် အနံ့ပျောက်လူနာများ သတိကြီးကြီးထားပြီး သီးသန့်နေကြမယ်ဆိုရင် ကိုဗစ် ဆက်လက်ကူးစက်မှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

Dr Myat Min Oo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page