အိပ်လျှင် ဟောက်တတ်သူများ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေ သုံးဆ ပိုများ

အိပ်လျှင်ဟောက်တတ်သူတို့သည် ကိုဗစ် ကြောင့် ဆေးရုံတက်ရပါက သေဆုံးနိုင်ခြေ သုံးဆပိုများနိုင်သည် ဟု လေ့လာချက်အရ သိရသည်။

အင်္ဂလန်နိုင်ငံ ဝါး၀စ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက အိပ်နေစဉ် အသက်ရှူ ခဏရပ်သွားတတ်ခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ဆက်စပ်မှုကို လေ့လာထားသည့် သုတေသနပေါင်း ၁၈ ခုကို ပြန်လေ့လာခဲ့ခြင်းဖြစ်သည်။ အိပ်နေစဉ် အသက်ရှူ ခဏရပ်သွားတတ်သူများ (Sleep Apnoea) သည် ဟောက်တတ်ပြီး အသက်ရှူကျပ်သွားတတ်ပါသည်။

လေ့လာချက်အဟောင်းများကို ပြန်လည်လေ့လာရာတွင် အိပ်နေစဉ် အသက်ရှူ ခဏရပ်သွားတတ်သူများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလျှင် ဆေးရုံတက်ရနိုင်ခြေများကာ ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင်ခြေများသည်ကို တွေ့ရသည်ဟု ဆိုထားပါသည်။ ဆီးချိုရောဂါ၊ အဝလွန် သို့မဟုတ် သွေးပေါင်ချိန်များသူတို့သည် Sleep Apnoea ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။

ထို့ပြင် ယင်းရောဂါရှိသူများအနေဖြင့် ကိုဗစ် ကူးစက်ခံရနိုင်ခြေလည်း များပါသည်။ ကိုဗစ်လူနာများတွင် ဖြစ်နိုင်သော Sleep Apnoea ၏ သက်ရောက်မှုကို ထဲထဲဝင်ဝင် သိရှိရန်အတွက် ထပ်လေ့လာရန်လိုအပ်သော်လည်း အကယ်၍ မကောင်းသည့် သက်ရောက်မှုရှိသည့် အချက်ပေါ်လာလျှင်ပင် အံ့သြစရာဖြစ်လာ မည်မဟုတ်ဟု ကျွမ်းကျင်သူများက ဆိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page