ငြိမ်းချမ်းရေး ဆွေး‌နွေးပွဲ ပြီးပြီးချင်း အငြင်းပွားနယ်စပ်ကို စစ်သား တသောင်း တရုတ်စေလွှတ်

ငြိမ်းချမ်းရေး ဆွေး‌နွေးပွဲ ပြီးပြီးချင်း အငြင်းပွားနယ်စပ်ကို စစ်သား တသောင်း တရုတ်စေလွှတ်

ပြိုင်ဘက်နှစ်နိုင်ငံကြား ငါးလနီးပါးကြာ တင်းမာမှုများ ဖြစ်ပွားနေသည့် ဟိမဝန္တာဒေသရှိ လာဒါဧရိယာ သို့ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့က အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိပါတယ်။ တင်းမာမှုများဖြေလျော့ရန် သံတမန်ဆွေးနွေးမှုများ ဆောင်ရွက်နေသလို အမြောက်ကြီးများ၊ စစ်ဘက် ဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

လာဒါဒေသရှိ ထိန်းချုပ်မျဉ်းတစ်လျောက် ပြီးခဲ့သည့်အပတ်နောက်ပိုင်း တရုတ်နိုင်ငံက တပ်ဖွဲ့ဝင် ၁၀၀၀၀ ရွှေ့ပြောင်းခဲ့ရာ နျူကလီးယားလက်နက်ပိုင် အင်အားကြီးနှစ်နိုင်ငံကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွား နေကြောင်း နယူးဒေလီမြို့ရှိ အစိုးရသတင်းရင်းမြစ်များက ပြောကြားပါတယ်။

အိန္ဒိယနှင့်တရုတ်တပ်မတော်များကြား တင်းမာမှုများ ဖြစ်ပွားခဲ့ရာ ပန်ဂေါင်ကန်တောင်ပိုင်းသို့ တရုတ် တပ်ဖွဲ့ဝင် ၁၀၀၀၀ စေလွှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ စက်တင်ဘာလ ၄ ရက်နှင့် ၁၀ ရက်တွင် မော်စကိုမြို့၌ နှစ်နိုင်ငံစလုံးမှ ကာကွယ်ရေးဝန်ကြီးများ၊ နိုင်ငံ ခြားရေးဝန်ကြီးများက အငြင်းပွားနယ်စပ်တစ်လျောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှု ထိန်းသိမ်းရန် သဘောတူပြီး နောက် တရုတ်နိုင်ငံက ထိုသို့တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။

အိန္ဒိယတပ်မတော်က ပန်ဂေါင်ကန်တောင်ပိုင်း၌ မြေမျက်နှာသွင်ပြင်အရ လွှမ်းမိုမှုရှိသောနေရာ၌ တပ်စွဲ ထားပြီး တရုတ်တပ်ဖွဲ့များ၏ လှုပ်ရှားမှုအပေါ် အပေါ်မှကြည့်နိုင်သည့် အားသားချက်ရရှိထားပါတယ်။ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့က နယ်စပ်တစ်လျောက် ကီလိုမီတာ ၃၅၀၀ နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပါတယ်။

နယ်စပ်မျဉ်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း ဆစ်ကင်ပြည်နယ်မှ လာဒါဒေသအရှေ့ပိုင်းတွင် ပန်ဂေါင်ကန်မှတစ်ဆင့် ဖြတ်သွားတာ ဖြစ်ပါတယ်။ ဇွန်လလယ်တွင်ဖြစ်ပွားခဲ့သည့် တရုတ်တပ်ဖွဲ့များနှင့် လက်ဗလာရန်ပွဲအတွင်း အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page