ပုဂ္ဂလိက ဓာတ်ခွဲခန်းတွေနဲ့ ဆေးရုံတွေကို ကိုဗစ်စစ်ဆေး ကုသခွင့်ပြုလိုက်ပြီ
ပုဂ္ဂလိက ဓာတ်ခွဲခန်းတွေနဲ့ ဆေးရုံတွေကို ကိုဗစ်စစ်ဆေး ကုသခွင့်ပြုလိုက်ပြီ
ပုဂ္ဂလိက ဓါတ်ခွဲခန်းများတွင် ကိုဗစ်-၁၉ စစ်ဆေးခွင့်ပြုလိုက်ပြီး ဆေးရုံများတွင်ကုသခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။
ကိုဗစ် ဖြစ်ပွားမှုနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ အပတ်စဉ်တင်ပြဆွေးနွေးပွဲအောက်တိုဘာ ၂၅ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားခဲ့ပါတယ်။
“ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် ကိုဗစ် ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ် လူနာများ လက်ခံကုသမှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းထားရှိမှုများကို သဘောတူပါသဖြင့် ဆက်လက်၍ အသေးစိတ်ဆောင်ရွက်မည်ဖြစ်ပါတယ်” ဟု ၎င်းကပြောပါတယ်။
ကိုဗစ် စစ်ဆေးမှုမှာ လူတစ်ဦးလျှင် ငွေကျပ် ၂ သိန်းကုန်ကျပြီး မူလက NHL အမျိုးသားဓါတ်ခွဲဌာနရန်ကုန်တွင် စစ်ဆေးပေးကြောင်း သိရပါတယ်။
အောက်တိုဘာ ၂၅ရက် ည ၈နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် ဓါတ်ခွဲအတည်ပြုလူနာ ၄၄၇၇၄ ဦး၊ သေဆုံး ၁၀၉၅ ဦး၊ ဆေးရုံဆင်းရသည့်လူ ၂၄၉၂၀ ဦးဖြစ်ပါတယ်။