ရန်ကုန်တိုင်း အစိုးရတဖွဲ့လုံး ကိုဗစ်စစ်၊ စိုက်မွေးဝန်ကြီးနဲ့ ဝန်ထမ်း (၃) ဦးတွင် ပိုးတွေ့

ရန်ကုန်တိုင်း အစိုးရတဖွဲ့လုံး ကိုဗစ်စစ်၊ စိုက်မွေးဝန်ကြီးနဲ့ ဝန်ထမ်း (၃) ဦးတွင် ပိုးတွေ့

ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာရေးဝန်ကြီးဖြစ်သူ ဦးမောင်မောင်စိုး၊ သူ၏ဇနီး၊ ကိုယ်ရေးအရာရှိနှင့် ယာဉ်မောင်းနှစ်ဦးတွင် ဒီဇင်ဘာ ၈ ရက်က ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အစိုးရရုံးဝန်ထမ်းများအား ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ယင်းသို့စစ်ဆေးရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဟန်ထွန်းနှင့် အခြားဝန်ထမ်း ၃ ဦးတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သဖြင့် အဆိုပါ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူ ၄ ဦးကိုဆေးကုသမှုခံယူရန် တောင်ဥက္ကလာပဆေးရုံနှင့် အင်းယားကိုဗစ်စင်တာများသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိပါတယ်။

စစ်ဆေးရာတွင် ရန်ကုန်မြို့တော်ဝန်နှင့် အစည်းအဝေးတွင် တွေ့ဆုံခဲ့သူ ၂၇ ဦးကို ပထမဦးစားပေး စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ၂၇ ဦးမှ လေးဦးတွင် ကိုဗစ်ပိုးကူးစက်ခံထားရတာကို တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။

ကျန်သုံးဦးမှာ တိုင်းအခွန်ဦးစီးဌာနမှ တစ်ဦး၊ တိုင်းလမ်းဦးစီးမှ တစ်ဦးနှင့် ထွေအုပ်မှ တစ်ဦးဖြစ်ကြောင်းနှင့် ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page