“ငါတို့ ညီမလေး နိုင်တယ်…” (ကိုဗစ်ကို အနိုင်ယူခဲ့တဲ့ ငါးနှစ်သမီးလေး အကြောင်း)

“ငါတို့ ညီမလေး နိုင်တယ်…”

တစ်ယောက်တည်း အထုပ်ကို မနိုင်မနင်း ဆွဲ လာတဲ့ သမီးလေး…….

ရှိသမျှအားနဲ့ လူနာတင်ယာဉ်ပေါ်ကို လှမ်းတက်လိုက်တဲ့ အချိန်…

PPE ဝတ်စုံဝတ် အစ်ကိုတွေရဲ့ အသဲနှလုံးတစ်ခုလုံး ဆွဲဆုပ်လိုက်သလို

ဦးဦး အဲ့ဒီကို ရောက်ရင် အဖေ နဲ့ တွေ့ရမှာပါ‌ နော် တဲ့…

သူစီးလာတဲ့ ဖိနပ်လေးလိုပဲ အရွယ်နဲ့ စိတ် ဒဏ်ရာ မလိုက်ဘူးကွယ် ညီမလေးရယ်..

ဒါပေမဲ့ အထုပ်ကြီးကိုတောင် မနိုင်မနင်း သယ်လာတဲ့ သူ့လက်ကလေး လို သူ့စိတ်ဓါတ်လေးက သန်မာနေတော့ ….

PPE ဝတ်စုံကြားထဲက ကိုဗစ်ကို ဒဲ့ စိန်ခေါ်လိုက်တယ်။ အဲ့ဒီနေ့ အောက်တိုဘာလ ၅ရက်နေ့ …

ဟုတ်တယ် ကိုဗစ်၊ မင်း ငါတို့ညီမလေး ကို မနိုင်ပါဘူး…ကွာ လို့ ကိုယ်ပြောခဲ့သားပဲ…

တွေ့လား ဒီနေ့ ငါတို့ ညီမလေး အိမ်ပြန်လာပြီ…

ဒီစီးချင်း တိုက်ပွဲမှာ မင်းရှုံးတယ် ငါတို့ ညီမလေး နိုင်တယ်…

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page