ကိုဗစ်ကာလမှာ ကျဆင်းလာမယ့် မြန်မာ့စီးပွားရေးအခြေအနေနဲ့ အသည်းအသန်ပိုက်ဆံရှာရမယ့် အစိုးရ
ကိုဗစ်ကာလမှာ ကျဆင်းလာမယ့် မြန်မာ့စီးပွားရေးအခြေအနေနဲ့ အသည်းအသန်ပိုက်ဆံရှာရမယ့် အစိုးရ
မနေ့က ဘော်ဒါနဲ့ မန့်ထဲမှာ အစိုးရက နောက်နှစ်သူမွဲတော့မှာကို မမြင်သေးဘူးလို့ ပြောမိရင်းစကားစပ်လို့
လက်ရှိ မြန်မာနိုင်ငံရဲ့ GDP ဟာ အနည်းဆုံး ၃၀% လောက်ကျမယ်လို့မှန်းပါတယ်။ ၅၀% ကျော်တောင် ကျမယ်လို့ထင်တာပါ (စာရင်းမသိတာမို့ တခြားနိုင်ငံတွေရဲ့ ကျပုံအခြေအနေကြည့်ပြီး မှန်းပြောတာပါ)
ဒါဟာ ဘာသဘောလဲဆိုရင် အစိုးရရဲ့ အခွန်ကောက်ယူရရှိမှုလဲ ထက်ဝက်လောက်ကျမယ်လို့ ယူဆလို့ရပါတယ်။ အစိုးရ ဝန်ငွေထက်ဝက်လျော့သွားပေမယ့် အသုံးစရိတ်လျှော့ထားသလား ဆိုတဲ့ မေးခွန်းက အရေးကြီးပါတယ်
ကျန်းမာရေးဖက်မှာ အများကြီးပိုသုံးနေရသလို စီးပွါးရေးဖက်ကိုလဲ ကျားကန်မှုတွေလုပ်နေရမယ် လူမှုရေးဖက်မှာလဲ လူတွေကိုထောက်ပံ့မှုတွေလုပ်နေရတယ်ဆိုတော့ သာမာန်သုံးစွဲမှုထက်လဲ ပိုသုံးနေရမှာပါ
ဘဏ္ဍာရေးနှစ်အစဆိုတော့ မတိုင်ခင်ကတည်း ဘတ်ဂျက်ခွဲဝေမှု လုပ်ထားပြီးသားပါ လွှတ်တော်လဲ အတည်ပြုပြီးသားဖြစ်မှာပါ။ ဒါပေမယ့် အရင်နှစ်ကအတိုင်းသား ခွဲဝေထားရ်င တွေလုပ်ထားရင် ပြဿနာက တစ်ဝက်လောက်က အကြွေးတင်တော့မှာပါ။
အကြွေးမတင်ချင်ရင်တော့ ပြည်သူတွေဆီက ရတဲ့နည်းနဲ့ အခွန်တွေညှစ်ဖို့ပဲရှိပါတယ်။ ဒါဟာလဲ ဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်နေရတဲ့ပြည်သူကို အရည်ညှစ်သလိုဖြစ်ရင် ကြာကြာညှစ်ဖို့မလွယ်ပါဘူး။
ဖြစ်နိုင်ရင်တော့ လွှတ်တော်က ပုံမှန်လုပ်ထုံးလုပ်နည်းမဟုတ် အရေးပေါ် အနေနဲ့ ဘက်ဂျက်တွေကို ပြန်လည်စိစစ်ပြီး မလိုတဲ့နေရာတွေ လျှော့သင့်တာလျှော့နိုင်ရင် ပိုကောင်းပါမယ် (ရမရတော့မသိ၊ တစ်နည်းနည်းနဲ့ ရအောင်လုပ်ရမှာပါပဲ)
ချမ်းသာတဲ့တရုတ်လိုနိုင်ငံတွေကတော့ သူတို့ GDP တက်ဖို့အရေးကို Government Spending တွေလုပ်ဖို့ Construction plan တွေအများကြီးချထားပြီးပါပြီ (GDP တက်ဖို့အရေး မလိုတာတွေလျှောက်လျှောက်ဆောက်လို့ တစ္ဆေမြို့တွေ ထပ်ပေါ်လာအုံးမယ်ထင်ရတယ်)
မြန်မာကတော့ အဲ့လိုလုပ်နိုင်ပါ့မလား လက်ရှိတော့ နိုင်ငံတကာချေးငွေတွေနဲ့ ကိုဗစ်အတွက် လုပ်စရာရှိတာတွေလုပ်နေပေမယ့် ချေးငွေပြန်ဆပ်ဖို့က GDP မြင့်နေမှာ အခွန်များများရမှ ဖြစ်နိုင်မှာပါ။ ဂရိရဲ့ အကြွေးသံသရာစတာ တစ်ချက်က အဲဒီကိစ္စပါ။
အစိုးရအနေနဲ့ ကြိုပြီးပြင်ဆင်ထားမှုရှိမယ်ဆိုရင်တော့ သက်သာမှာပါ။ ပုံမှန်အတိုင်းတွေးနေရင်တော့ နောက်နှစ်မှာ အခွန်မှူးတွေ ကွိုင်တက်မှာပါ။
ဒေါက်တာကျော်ကျော်စိုင်း