ကိုဗစ် စစ်ဆေးတဲ့ ပုံစံတွေ ပြောင်းလဲလိုက်တဲ့ စင်ကာပူ (များများ စစ်မယ့် ဗျူဟာကို သုံးပါပြီ)

“‌အပေါ်ယံဖြစ်သွားတဲ့ SWAB test”

စင်ကာပူ ဆောက်လုပ်ရေးလုပ်ငန်းခွင်က လူတိုင်း မလုပ်မနေ လုပ်ရ တဲ့ SWAB test ကိုယ့်အတွက် ဒီနေ့ မနက် ၁၀ ကြိမ်မြောက် SWAB test မသွားခင် ကျန်းမာရေးဌာန က ကြိုပို့ထားတဲ့ Message မှာ အာခေါင် တို့ဖတ်ယူမှာမို့ မစမ်းခင် တနာရီလောက် က စပြီး အစာစားမထား ဘို့ အကြံပြုထားတယ်။

ဒါနဲ့ ဘာမှမစားဘဲ အစမ်းခံဘို့ သွားတာပေါ့။ ကိုယ် အလှည့်ရောက်တော့ ‘အရင် အာခေါင် စမ်းဘူးလား’ မေး လို့ ‘တစ်ခါတော့စမ်းဘူးတယ်’ ပေါ့။

အဲဒါဆို “ဟား. လို့အော်ပါ” ဆိုလို့ ပါးစပ် ဟ ပြီး “ဟား လို့” အသံထွက်ရုံ စအော်လိုက်တယ်။ အရင်တခါက ကျယ်ကျယ်နဲ့ ကြာ ကြာ အော်ခဲ့ရတော့ Volume နည်းနည်းမြှင့်ပြီး ထပ်အော်တော့ ” No Need done already’ တဲ့ ။ သိတောင်မသိလိုက် ဘူး။

ဒါနဲ့ နှာခေါင်းပေါက် အလှည့်ရောက်တော့ နှာခေါင်းပေါက်ထဲ စမ်းတဲ့အတံ ၀င်ရုံထည့်ပြီး ၁,၂,၃,၄,ရေ ပြီးလှည့်တယ်။ နောက်တစ်ပေါက်ပြောင်းလှည့်တယ်။ စမ်းတဲ့ လူကပြောတယ်။ ခု အရင်လို အတွင်းထဲ မနှိုက်တော့ဘူး’တဲ့။ အစတည်း က တွေးမိပါတယ်။

ကိုဗစ်က ထိရုံ ကိုင်ယုံ သုံးပေ အတွင်းမှာတောင် ပိုးကရှိနေ ကူးနေတော့ အတွင်းထဲ အထိ နှိုက်စမ်းတာ စဉ်းစားလို့ကို မရခဲ့ဘူး။ သာဓုသာဓု။ ခု ဆို နှာခေါင်းယား လို့ လက်နဲ့ နှိုက်လောက်ဘဲခံရတော့တယ်။ အပေါ်ယံလေးဘဲ ကောင်းပါတယ်လို့။

ခင်လတ်(ဘူမိ)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page