မြန်မာ့ဖရဲ ကမ္ဘာကျော်ပါပြီ စင်ကာပူနဲ့ ကာတာတို့ကနေ အမှာစာများ ထပ်မံရောက်ရှိ

မြန်မာ့ဖရဲ ကမ္ဘာကျော်ပါပြီ စင်ကာပူနဲ့ ကာတာတို့ကနေ အမှာစာများ ထပ်မံရောက်ရှိ

စင်္ကာပူနှင့် ကာတာနိုင်ငံတို့က အမှာပို့ထားသည့် မြန်မာ့ဖရဲ နေပြည်တော်နှင့် တောင်ငူစိုက်ခင်းများမှ ထွက်ရှိက တင်ပို့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောပါတယ်။

ဖရဲသီး တင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားလိုက်ပါတယ်။

“အခုပဲ ဒူဘိုင်းကို ပို့မယ့် ၂၅ တန် ကွန်တိန်နာထဲ ထည့်ပြီး တင်ပေးလိုက်ပြီ။ ၁၃ ရက်နေ့ သ‌င်္ဘောထွက်ဖြစ်မယ် ခင်ဗျ။ ပထမ ၆ ရက်နေ့က မထွက်ဖြစ်ဘူး။ အခုက မြန်မာက ဖရဲသီးကို အမှာတွေက ရှိပါတယ်။ စင်္ကာပူနဲ့ ကာတာကလည်း မှာထားတာ ရှိပါတယ်။ ဒါကိုတော့ တောင်ငူမှာ ဧက ၃၀ ကျော် စိုက်ထားတယ်။ နေပြည်တော်တပ်ကုန်းမှာတော့ ဧက ၂၀ ကျော် စိုက်ထားတယ်။ အဲဒါလေးပေါ်ရင်တော့ စင်္ကာပူတို့၊ ကာတာတို့ ဒူဘိုင်းတို့ ထပ်ပို့ဖြစ်မှာပါ” ဟု ၎င်းက ပြောပါတယ်။

မြန်မာဖရဲသီးများအား နှစ်စဉ် တရုတ်နိုင်ငံ ဈေးကွက်သို့ အားထားပို့ဆောင်နေရပြီး ယခင်နှစ်များက နယ်စပ်ဂိတ်များတွင် ကြန့်ကြာမှုနှင့် ၀ယ်သူနည်းပါးမှုကြောင့် ဖရဲစိုက်ခင်းများ အရှုံးပေါ်ခဲ့ပါတယ်။

“အခုမြန်မာဖရဲက ဈေးကွက်သစ် တင်ပို့တယ်ဆိုတော့ အ၀ယ်လိုက်တာ များလာတယ်။ ဖရဲစိုက်ခင်းတောင်သူတွေ ဈေးကောင်းရတယ် ကြားတယ်။ ၀မ်းသာပါတယ်”ဟု မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ထပ်မံ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page