ကိုဗစ်ကို အောင်မြင်စွာ အနိုင်ယူခဲ့တဲ့ စင်ကာပူရဲ့ နည်းဗျူဟာများ

ကိုဗစ်ကို အောင်မြင်စွာ အနိုင်ယူခဲ့တဲ့ စင်ကာပူရဲ့ နည်းဗျူဟာများ

စင်ကာပူဟာ ကိုဗစ်အမှောင်ထဲမှ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ပါပြီ။ အောက်တိုဘာ ၁၇ ရက်နေ့အထိ စင်ကာပူအခြေအနေကအောက်ပါအတိုင်းဖြစ်ပါတယ်။

ဆေးရုံမှာ ကိုဗစ်လူနာ ၃၇ ယောက်ပဲကျန်တော့တယ်။ အထူးကြပ်မတ်ကုသဆောင် ICU ထဲမှာ တစ်ယောက်မှမကျန်တော့ဘူး။ ကူးစက်ခဲ့သူရဲ့ ၉၉ % ဟာ ဆေးရုံကဆင်းသွားပါပြီ။ Community care unit မှာ ဆေးရုံတက်စရာမလိုတဲ့သူ ၄၁ ယောက်ပဲကျန်ပါတော့တယ်။ စုစုပေါင်း ၅၇၀၀၀ ကျော်ကူးစက်ခဲ့ရာမှာ ၂၈ ယောက်ပဲ ကိုဗစ်နဲ့သေဆုံးခဲ့ပါတယ်။

တစ်ချို့ပြည်ပမှ လူတတ်ကြီးတွေက အရှေ့တောင်အာရှနိုင်ငံတွေက ဒေတာတွေလိမ်ကြတယ်။ မြန်မာပြည်လည်းလူနာအရေအတွက် လိမ်သင့်တယ်လို့ ပြောကြပါတယ်။ စင်ကာပူဟာ အခြေအနေကို မလိမ်ခဲ့ပါ။ လူထုကိုလိမ်လည်ပြီး ဖုံးကွယ်တာထက် လူထုက တကယ်ဘာဖြစ်နေတယ် ဆိုတာကို သိပြီး လူထုရဲ့ ပူးပေါင်းပါဝင်မှုကို ရယူတာက အကောင်းဆုံးပါ။

စင်ကာပူရဲ့အမှောင်ဖုံးခဲ့တဲ့အခြေအနေကို ပြန်ကြည့်မယ်ဆိုရင်….

ဇန်နဝါရီလမှာ ကိုဗစ်စဖြစ်တာနဲ့ စင်ကာပူအနေနဲ့ မသေချာမရေရာမှုများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ရောဂါအကြောင်းဘာမှမသိသလောက်အခြေအနေမှာ ကမ္ဘာမှာလူထုထဲပြန့်နံ့သွားမှု community spread ပထမဦးဆုံးဖြစ်ခဲ့တဲ့နိုင်ငံတွေထဲမှာ ပါခဲ့ပါတယ်။

Community spread ကိုအသေအချာထိန်းနိုင်ကာစမှာပဲ မထင်မှတ်ပဲ လုပ်သားအဆောင်တွေမှာ ကိုဗစ်ကူးစက်ပြန့်ပွားမှုအကြီးအကျယ်တွေ့ရှိခဲ့ရာက လူနာအရေအတွက် အကြီးအကျယ်ထိုးတက်သွားခဲ့ပါတယ်။ အဲ့ဒီအခြေအနေကနေ အထက်မှာတင်ပြခဲ့သလို ၉၉ % ဆေးရုံဆင်းတဲ့အထိ အောင်မြင်လာခဲ့တာပါ။

လုပ်သားဆောင်တွေမှာ ၆ လအကြာအကြီးအကျယ်ကိုဗစ်စစ်ဆင်ရေးလုပ်အပြီးမှာ zero case ဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။ အခုလိုအောင်မြင်အောင် ဆေးရုံဘက်မှာဘယ်လိုတိုက်ပွဲဝင်ခဲ့ရသလဲဆိုတာကို National Centre for Infectious Diseases (NCID) ရဲ့ consultant ဆရာဝန်သုံးယောက်က ရှင်းပြထားပါတယ်။

Dr Ray Lin Junhao, 37 နှစ်ဟာ ကူးစက်ရောဂါဆေးရုံကြီး Tan Tock Seng Hospital မှ consultant ဖြစ်ပါတယ်။

သူဟာ ကိုဗစ်နဲ့သေလုမြောပါးဖြစ်နေတဲ့ လူနာတွေကို အနီးကပ်ကုသပေးရတဲ့သမားတော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ clinical trials တွေရဲ့ co-investigator လည်းဖြစ်ပြီး therapeutics for disease evaluation မှာပါဝင်ခဲ့သူပါ။ သင့်တော်မယ့်ကုထုံးတွေကို ဖော်ထုတ်ခဲ့သူတစ်ယောက်ပါ။

တကယ်တော့ဆရာဝန်တွေက မတော်လို့မဟုတ်ပါ။ ကိုဗစ်ဟာရောဂါအသစ်ဖြစ်တဲ့အတွက် စစခြင်းလမ်းပျောက်ပြီး ဘယ်လိုကုသရမှန်းမသိကြတာပါ။ စစခြင်းမှာ အင်တာနက်နဲ့ဆိုရှယ်မီဒီယာကနေ ရနိုင်သမျှသတင်းတွေကိုစုရပါတယ်။ သတင်းတုတွေရှိသလို သတင်းအမှန်ကိုဖြန့်ဝေပေးနေတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဒီသတင်းအချက်အလက်တွေဟာ လက်ရှိကိုဗစ်ကုသရေးနည်းလမ်းတွေအပေါ်မှာ လွှမ်းမိုးမှုရှိခဲ့ပါတယ်။

စစခြင်းမှာ hydroxychloroquine လိုဆေးကို စမ်းသပ်ပေးကြည့်ရမှာ မအောင်မြင်ခဲ့ပါ။ convalescent plasma programme ကို အကောင်အထည်ဖော်ရာမှာ ပါဝင်ခဲ့တဲ့ Dr Mucheli Sharavan Sadasiv, 37 နှစ်ကလည်း စစခြင်းမှာ တကယ့်ကို helpless အကူအညီမဲ့နေသလို ခံစားရပါတယ်တဲ့။

အဲ့လို လူရောစိတ်ပါ physically and mentally ခံစားရတာဟာ ပုံမှန်ခံစားမှုပါပဲတဲ့။ တဖြည်းဖြည်းနဲ့ ဘယ်လို treat လုပ်ရင်ပိုကောင်းမလဲသိလာတယ်။

ဥပမာ – လူနာကို ventilator တင်ထားချိန်မှာ ပက်လက်လှန်မနေခိုင်းပဲ မှောက်နေခိုင်းတာက လူနာအသက်ရှင်စေဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဆိုတာ သိလာရပါတယ်တဲ့။

လူနာဟာ ဘယ်လောက်ပဲ အသက်ကူရှုစက်နဲ့ ကူနေပေမယ့် လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏကို မရနိုင်ခဲ့ပါဘူး။ အခုလိုလူနာကို မှောက်နေခိုင်းလိုက်တာနဲ့ အသက်ရှုရလွယ်လာပြီး အောက်ဆီဂျင်ကို ပိုမိုစုပ်ယူနိုင်လာပါတယ်။ ကုသဆေးမပေါ်ခင်မှာ လူနာအတွက် နလန်ထဖို့ အချိန်ပို ရလာပါတယ်တဲ့။ နောက်တစ်ခုက ကြိုတင်ခန့်မှန်းနိုင်မှုပါ။

Dr Lee Tau Hong, 39 နှစ်ဟာ College of Physicians Singapore ရဲ့ vice-chair တစ်ယောက်ပါ။

ကျနော့်အနေနဲ့အခုအချိန်မှာ လူနာတွေကိုကုသရာမှာပိုမိုယုံကြည်မှုရှိလာပါတယ်တဲ့။ NCID ရဲ့ clinical director Dr Shawn Vasoo တို့အဖွဲ့ချပေးတဲ့ treatment guidelines နဲ့ သူ့ရဲ့ knowledge ပေါင်းပြီး clinical workflows တွေဆွဲပေးခဲ့တယ်။

ဆရာဝန်တွေကအဲ့ဒါကိုကြည့်ပြီး ဘယ်လူနာကဘယ်လောက်အခြေအနေဆိုးနိုင်တယ်။ ဘာလုပ်ပေးရမယ်ဆိုတာကို သိသွားပါတယ်။

Dr Lee ပြောတာက Remdesivir နဲ့ dexamethasone က ထိရောက်မှုရှိကြောင်းတွေ့ရှိခဲ့ပါတယ်တဲ့။ NCID ဟာ Gilead နဲ့ရော အမေရိကန် NIH နဲ့ရော clinical trials စမ်းသပ်မှုမှာ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်တဲ့။

Dr Lee ရဲ့အဆိုအရ သူတို့သုံးကြည့်ရာမှာ Remdesivir ဟာ anti-viral agent ဖြစ်တဲ့အတွက် ဗိုင်းရပ်စ်ကိုဒါရိုက်အကျိုးသက်ရောက်မှုရှိစေတဲ့အတွက် ကိုဗစ်ကြောင့်ရောဂါအခြေအနေဆိုးဝါးမှုကို လျော့ကျစေတယ်လို့ဆိုပါတယ်။

Dr Lin ကလည်း Remdesivir သုံးကြည့်ရာမှာ ICU ထဲမှာလူနာနေရတဲ့အချိန်လျော့ကျသွားတာကို သူတို့လေ့လာတွေ့ရှိရပါတယ်တဲ့။ dexamethasone ဟာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကိုယ်အင်္ဂါရောင်ရမ်းမှုကိုလျော့ကျစေတဲ့အတွက် ရောဂါပြင်းထန်တဲ့လူနာတွေမှာ သူတို့သုံးနေပါတယ်။ ရောဂါလက္ခဏာမပြင်းထန်တဲ့သူတွေမှာ မသုံးသင့်ပါ။

Associate Professor David Lye ကအမေရိကန်သမ္မတ ထရမ့်သုံးတဲ့ Regeneron ကဆေးနဲ့ပတ်သက်ပြီး ပြောရာမှာ Regeneron က NCID နဲ့ပူးပေါင်းလုပ်ဆောင်ဖို့ request လုပ်ခဲ့ပါတယ်တဲ့။ NCID ကို ကိုဗစ်ကပြန်ကောင်းလာတဲ့လူနာအယောက် ၂၀ စုဆောင်းပေးဖို့အကူအညီတောင်းခဲ့ပေမယ့် လူနာ ၅ ယောက်ဆီက သွေးရည်ကြည်နမူနာရတဲ့အခါမှာ Regeneron က လုံလောက်ပြီလို့ဆိုခဲ့ပါတယ်။

Regeneron ဟာ အဲ့ဒီ ၅ ယောက်ထဲက ၃ ယောက်ဆီကနမူနာကိုယူပြီး Regeneron ရဲ့နည်းပညာနဲ့ monoclonal antibodies ကို ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီကနေအခြေခံပြီးဓာတ်ခွဲခန်းမှာ အမြောက်အများထုတ်ယူလို့ရတယ်။

NCID အနေနဲ့ interferon beta-based treatments တွေရယ် convalescent plasma ကုထုံးတွေရယ်ကို လုံလောက်တဲ့ ဒေတာအချက်အလက်တွေရအောင် စုဆောင်းနေပါတယ်။ သူတို့အနေနဲ့ ရောဂါကုထုံးတွေနဲ့ပတ်သက်ပြီး အဖြေအတော်များများတွေ့ထားပေမယ့် အရေးကြီးတဲ့စမ်းသပ်မှုရလဒ်တွေကို စောင့်စားနေသေးပါတယ်တဲ့။

Planning, Planning, Planning

စင်ကာပူရဲ့ လူအသေအပျောက်နည်းရတဲ့အောင်မြင်မှုဟာ ကြိုတင်ပြင်ဆင်မှုအားကောင်းခြင်းကြောင့်ဖြစ်ပါတယ်။ ကိုဗစ်ဖြစ်တဲ့လူနာတွေကို ဆေးကုသမှုစောနိုင်သမျှစောစောရအောင် ကြိုတင်စီမံထားပါတယ်။

ဖြစ်မှထလုပ်တာမလုပ်ပဲ လူနာ ၁၀၀၀၀ သာတွေ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် community spread ဖြစ်လာပြီး ကူးစက်မှုမြင့်တက်လာပေမယ့် ကိုတင် Plan ကောင်းကောင်းချထားတာကြောင့် #ဆေးရုံတွေမှာလူနာတွေပြည့်ကျပ်နေတာမျိုးမဖြစ်ခဲ့ပါဘူး။

အခြားနိုင်ငံအတော်များများမှာ ကိုဗစ်ကြောင့်လူသေရတာများပြားတဲ့အချက်တွေထဲမှာ… ကြိုတင်ပြင်ဆင်မှုအားနည်းတာ၊ ဆေးရုံတွေကမပြည့်စုံတာ၊ လေ့ကျင့်မှုအားနည်းတာ၊ သန့်ရှင်းမှုအားနည်းတာ၊ အသက်ကြီးသူ၊ ဆီးချိုသွေးတိုးနှလုံး၊ကင်ဆာစတဲ့နာတာရှည်ရောဂါရှိသူတွေကို ကူးစက်သွားမှုတွေကြောင့်လည်းပါပါတယ်။

ပြည်သူလူထုကြားထိထိရောက်ရောက်ပညာပေးနိုင်တာကနေ ပြည်သူလူထုကြားမှာ ကူးစက်မှုထိန်းမနိုင်အောင်မဖြစ်ခဲ့ပါ။ ရောဂါကူးစက်မှုက ကျန်းမာတဲ့လူငယ်တွေများတဲ့ လုပ်သားဆောင်တွေမှာပဲ အဖြစ်များခဲ့ပါတယ်။ အခုဆိုရင် စင်ကာပူမှာပြည်သူတွေဟာ အရင်လိုနီးပါးပြန်လည်သွားလာနေကြပြီဖြစ်ပါတယ်။

Dr Lin ဆက်ပြောခဲ့တာက စင်ကာပူရဲ့အောင်မြင်မှုဟာ လက်မြန်မှု speed နဲ့ မကြုံစဖူးပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြခြင်းကြောင့်ဖြစ်ပါတယ်တဲ့။ ဒေတာတွေ၊ အချက်အလက်တွေ၊ guidelines တွေကို #မြေပြင်ကဆရာဝန်တွေအထိရောက်အောင် အချိတ်အဆက်မိမိ ကျန်းမာရေးဝန်ကြီးဌာန Health Ministry နဲ့ NCID ကနေ ဖြန့်ချီပေးပါတယ်တဲ့။

“ကိုဗစ်ကပေးတဲ့သင်ခန်းစာများ”

ကိုဗစ်ဟာ သူတို့ကို မသေချာမရေရာမှုတွေကို လကခံဖို့နဲ့ ကိုယ့်ရဲ့ limitations တွေကိုသိနားလည်အောင် သင်ပေးခဲ့ပါတယ်တဲ့။ မသိသေးတဲ့အချက်အလက်တွေအများကြီးနောက်ကို အမီလိုက်ရတဲ့စိန်ခေါ်မှုတွေရယ်၊ workflows တွေ processes တွေကို အများကြီးပြောင်းလဲခဲ့ရတယ်တဲ့။ ကျနော်တို့ဟာ ကျေးဇူးတရားတွေကိုပိုနားလည်ဖို့ သင်ကြားပေးခဲ့ပါတယ်တဲ့ခင်ဗျား။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page