အရိုးပါ ဝါးစားလို့ရတဲ့ ပီကင်းဘဲကင်တွေ နာမည်ကြီးရခြင်း နောက်ကွယ်က စိတ်ပျက်စရာ
ဝဋ် (စီးပွားရှာရာ ဆင်ခြင်စရာ)
Admin သင်္ဘောလိုက်တုန်းက တရုပ်ကို နေရာတော်တော်များများ မကြာခဏ ရောက်ဘူးတယ်။ တခါတော့ 2010 လောက် ရှန်ဟိုင်းမှာ သင်္ဘောဒေါက်တက်တော့ ၁၀ ရက်လောက် နေဖြစ်သွားတယ်။ နေ့တိုင်း ညနေဘက်ဆို အပြင်ထွက် ထမင်းစား ဘီယာလေးသောက် လျောက်လည် shopping ပေါ့။ နေ့ခင်းဘက်လည်း သင်္ဘောဒေါက်နားက စားသောက်ဆိုင်တွေ ရှိတယ် အဲ့မှာ ထမင်းသွားစားကြတာပေါ့။ တရုပ်ဘက်က တချို့ပဲ နဲနဲပါးပါးပြောတက်ပီး အများစုက အင်္ဂလိပ်လိုသိပ်မပြောတက်ကြဘူး။
တရက်တော့ ထမင်းစားရင်း ဘာဟင်းနဲ့ စားမလဲ ပေါ့ ပြောရင်း ကျနော်တို့ထဲက တယောက်က ငါးရှည့် စားချင်တယ် ဆိုပီး စားသောက်ဆိုင်ပိုင်ရှင် တရုပ်မကို အင်္ဂလိပ်လို Eel အီးတွေ အဲတွေ same same snake ဆိုပီး ရှိလား သွားမေးတော့ တရုပ်မက မြန်မာလို ငါးရှည့်ခြောက်စပ်လား လို့ ပြန်မေးတယ်.. yes yes ဆိုမှနောက်ကို ခေါ်သွားပီး ပုံးထဲက ငါးရှည့်အရှင်တွေကို ပြတယ်။ အာ့နဲ့ ကျနော်လည်း ဘာတွေ ရသေးလည်းမသိဘူးဆိုပီး ငါလည်းကြည့်ချင်တယ် (ဝေါ်ယောက် ခန့်ခန့်) ဆိုတော့ ရေခဲသေတ္တာကြီးတွေ ဖွင့်ပြတယ်။ အထဲမှာ ဖား (အရှင်) အရှင်ကြီးတွေ ရေခဲသေတ္တာတွေထဲထည့်ထားတာဗျာ ထမင်းတောင်မစားချင်ဘူးဖြစ်သွားတယ်။ ဖားက စားတယ် အသေပဲ မြင်နေကျလေ အရှင်လက်လက်ကြီး ရေခဲတွေ သီးနေတဲ့ ကြားကနေ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ မြင်တော့ ရင်ထဲ.. ဘာသွားသတိရမိလည်းဆိုတော့ တခါကဖတ်ဘူးခဲ့တဲ့ မြန်မာသင်္ဘောသား စီနီယာကြီး တယောက်ရေးတဲ့ ပီကင်း ဘဲကင်ဆိုတာ သွားသတိရမိတယ်။
သိတဲ့အတိုင်းပီကင်းဘဲကင်က အရမ်းနာမည်ကြီးတယ်လေ ဘဲမျိုးလည်းသီးသန့် ဖြစ်သလို ကင်တော့လည်း စနစ်တမျိုး အရိုးတွေကပါ အရိုးနုလေးတွေ ဖြစ်ပီးဝါးလို့ရတယ်လေ အရသာကလည်း တမျိုးတဘာသာ ကောင်းတော့ ကမ္ဘာမှာ နာမည်ကြီးပဲ။ သူ့သင်္ဘောက တရုပ်ဘက် ကို Charter (စာချုပ်ပီးပစ္စည်းပို့ဆောင်) ဆိုတော့မကြာခဏ ရောက်တယ်တဲ့။ ကမ်းကပ်ရင် အပြင်ထွက် စားသောက်ကျတာပေါ့။ အဲ့မှာ အစားအသောက်လည်းကောင်း သွားလို့လာလို့လည်းနီးတဲ့ တရုပ်ဆိုင်တဆိုင်မှာ အမြဲ ထိုင်ဖြစ်တယ်တဲ့။ ပီကင်းဘဲကင်က အဲ့ဆိုင်မှာ နာမည်ကြီးပဲတဲ့ဆိုင်ပိုင်ရှင် မိန်းမရဲ့ မိဘတွေခေတ်ထဲက ပီကင်းဘဲကင် ကို ရောင်းတာတဲ့။ အိမ်ဘေးမှာ စားသောက်ဆိုင်တွဲဖွင့်ထားတာ ဆိုင်ပိုင်ရှင်မိန်းမနာမည်က လီလီ တဲ့ အဲ့ဆိုင်မှာ ထိုင်နေကျ ဆိုတော့ ခင်နေတာပေါ့။
တနေ့ သူ စားသောက်ပီး အပေါ့အပါးသွား တော့ ဆိုင်ဘက်က အိမ်သာက လူပြည့်နေတော့ လီလီက အိမ်ဘက်က အိမ်သာကို သွားပါ လို့ ပြောတာနဲ့ သူအိမ်ထဲ ဝင်သွားတာပေါ့။ အဲ့မှာ အိမ်ရှေ့မှာ ဆိုင်ရှင် လီလီရဲ့သားလေးကို သွားတွေ့တယ် ၁၀ နှစ်သားလောက်တော့ရှိမှာပေါ့ ပိုလီယို ဖြစ်နေတာ ကလေးက ခြေလေးတွေ လက်လေးတွေ ပျော့ခွေ ပီး သူ့ကို တွေ့တော့ ရယ်ပြတယ်တဲ့။ အာ့နဲ့ နောက်ဘက် ဆက်ဝင်သွားတော့ လီလီ အဖေကြီးကို တွေ့ပြန်တယ် ဒရင်းဘက်ပေါ်မှာ လေဖြတ်ထားသလို ဖြစ်ပီး ခြေတွေ လက်တွေ မလှုပ်နိုင်ဘူးတဲ့။ ဒါနဲ့ ဘီယာသောက်ထားတော့ သေးကလည်းပေါက်ချင်ဆိုတော့ အိမ်သာရှာပီး သေးပေါက်တယ် ပီးတော့ ပြန်အထွက် အိမ်သာဘေးဘက်မှာ အဆောင်တခုရှိပီး အသံတွေ ကြားတယ်တဲ့။ အာ့နဲ့ သွားကြည့်တာပေါ့ ဘာများလည်းဆိုပီး။
လားလား… ဘဲတွေကို တကိုယ်စာသာသာ ငှက်အိမ်လို လုပ်ထားပီး ခေါင်းလေးပဲ ထွက်လို့ရအောင် အပေါက်ဖောက်ထားတယ် တကိုယ်လုံးက အထဲမှာ အစားစားဖို့ ခေါင်းလေးပဲထုတ်လို့ရတယ်။ သူသိလိုက်ပီ။ ပီကင်းဘဲကင်တွေ အရိုးတွေပါ ဝါးစားလို့ရသလဲ ဆိုတာ။ ဘဲတွေကို စမွေးထဲက သတ်တဲ့ အထိ နေရောင်အထိမခံပဲ မှောင်ထဲမှာ မွေးတယ် (နေရောင်က ဗိုက်တာမင် D လေ အရိုးကို မာစေတယ်) လှုပ်လို့ရရင် အရိုးတွေ သန်မာကုန်မယ်လေ လှုပ်လို့မရအောင် အခန်းကျဥ်းကျပ်တကိုယ်စာထဲမှာ တမင်ထည့်ထားတာ။ ဒီဘဲတွေကို အဲ့လိုမွေးပီး ကင်တာ။ ဝဋ်ကြွေးတမျိုးပဲ ကြောက်စရာ ဘဝ သူထပ်ပီး ချက်ချင်းပဲ တွေးမိတယ် လီလီ့ အဖေကြီး ဘဲတွေလိုပဲ လှုပ်တောင်မလှုပ်နိုင်ဘူးဖြစ်နေတဲ့ ဘဝ လီလီ့သားလေး ပိုလီယို ဖြစ်နေတာ.. စတာတွေဆက်စပ်စဥ်းစားမိတယ် မူးနေတာ ပြေသွားတယ် တုန်လှုပ်လာတယ် ချွေးစေးတွေ ပြန်လာတယ် ဆက်လည်းမထိုင်နိုင်တော့ဘူး ပြန်လာလိုက်တယ် နောက် ပီကင်းဘဲကင်ပါ မစားဖြစ်တော့ဘူးတဲ့။ အော်.. ကြုံရဆုံရ ဒီဘဝ ဆိုသလို အပြစ်ကင်းတဲ့ ချစ်ခြင်းတွေနဲ့သာ စီးပွားရှာနိုင်ကြပါစေဗျာ။ (WKA)