ရွှေသံလွင်ဘိုးဘွားရိပ်သာမှ ဘိုးဘွားများ အားလုံး ကျန်းမာစွာဖြင့် ဆေးရုံက ဆင်းပါပြီ
ရွှေသံလွင်ဘိုးဘွားရိပ်သာမှ ဘိုးဘွားများ အားလုံး ကျန်းမာစွာဖြင့် ဆေးရုံက ဆင်းပါပြီ
ဝမ်းသာလိုက်တာနော်—-ရွှေသံလွင်ရိပ်သာက အဘိုးအဘွားတွေ ကျန်းမာစွာဖြင့် ဆေးရုံကဆင်းပါပြီ။
ဘဝမှာ ရေစက်ရှိလို့ တွေ့ဆုံရတယ်။ ရေစက်ကုန်လို့ ခွဲခွါရတယ်ဆိုပေမယ့် တွေ့ရတဲ့ အခိုက်အတန့်လေးမှာ အကောင်းဆုံး ဂရုစိုက်ပေးခွင့် ရခဲ့တဲ့အတွက် ဝမ်းသာမဆုံးပါ> ကျနော်တို့ရဲ့ စောင့်ရှောက်မှုတွေ အောက်မှာ စိတ်ချမ်းသာ ပျော်ရွှင်စွာနဲ့ ၁၁ ရက်အတွင်း ကိုဗစ် ကြီးကို အကောင်းဆုံးကျော်ဖြတ်ပေးခဲ့ကြတဲ့ အဘိုးအဘွားတွေ အားလုံးကို ကျေးဇူးတင်ပါတယ်
၂၆-၁၀-၂၀၂၀ နေ့ Fortune စင်တာတွင်ဆေးကုသမှုခံယူပြီးသော အဘိုး(၁၄) ဦး၊ အဘွား(၂၉)ဦး ၊ဝန်ထမ်း (၉)ဦးနှင့် ဝန်ထမ်းမိသားစု (၁၂)ဦး စုစုပေါင်း (၆၄)ဦး ကျန်မာစွာဖြင့် ပြန်လည် ရောက်ရှိ ပါပြီခင်ဗျာ။
ဘိုးဘွားများအား အထူးဂရုပြုပေးပါသော Fortune စင်တာမှ ဆရာဝန်ကြီးများအပေါင်းနှင့်တကွ၊ အလှူရှင်အပေါင်းအားလည်းကောင်း၊ လိုအပ်သမျှ ဘက်ပေါင်းစုံမှ ပံ့ပိုးပေးပါသော ရွှေသံလွင်ကုမ္ပဏီမှ ဥက္ကဌကြီးနှင့်တကွ ဝန်ထမ်းများနှင့် အရိယမဂ္ဂင်လူမှုကူညီရေးအဖွဲ့အား ရွှေသံလွင်ဘိုးဘွားရိပ်သာအမှုဆောင်အဖွဲ့မှ အထူးကျေးဇူးတင် အပ်ပါသည် ခင်ဗျာ။