Project K အဖွဲ့ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တေးရေး ရွှေဂျော်ဂျော် ဒဲ့ပြောပြီ

Project K အဖွဲ့ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တေးရေး ရွှေဂျော်ဂျော် ဒဲ့ပြောပြီ

ကျနော်ရေးတာ တခုခု သဘောမကျရင် အကောင့် ထဲက ထွက်စေချင်ပါတယ်။ (လူ သန့်စေချင် လို့လည်း ဖြစ်ပါတယ် )

နေရာတကာ ဝင်ပြောတာ ဝါသနာမပါပေမယ့် ဒီကိစ္စတော့ ဂီတလောက က လူကြီးပိုင်းတယောက်အနေနဲ့ တာဝန်ရှိတယ် ထင်လို့ ရေးပါတယ် ။

Projeck K ရဲ့ နိုင်ငံရပ်ခြားမှ ကပွဲ ပြဿနာကိစ္စ မှာ

(၁) အဓိက တာဝန်ရှိတဲ့ ပွဲစီစဉ်သူ နိုင်ငံခြားသားတွေ ဟာ မြန်မာတွေနဲ့ ဆောင်ရွက်တဲ့ကိစ္စရပ်မှာ မြန်မာရေးရာကျွမ်းကျင်သူ အကြံပေးသူတွေနဲ့ အသေအချာ ပူးပေါင်းဆောင်ရွက်သင့်တယ် လို့ ယူဆပါတယ်။ ယခု သူတို့ဘက်က အားနည်းမှားယွင်းမှုအတွက် တောင်းပန်စကားဆိုတယ် လို့ ကြားသိရပါတယ်။

(၂) Project K အပေါ် အမြင်ကတော့ မရည်ရွယ်ဘဲ မသိလိုက်ဘဲ အားနည်းမှားယွင်းသွားခဲ့ရတာမျိုး ဖြစ်တယ် လို့ ယူဆပါတယ် ။ သူတို့လည်း တောင်းပန်ဖြေရှင်းထားပြီး ဖြစ်ပါတယ် ။

(၃) ကိုယ့်နိုင်ငံ နဲ့ လူမျိုး အထွဋ်အမြတ်ထားတဲ့ ဘုရားပုံရိပ် ကို မဖွယ်မရာ အသုံးချခဲ့ရင် လက်ခုပ်သံ ရမလား? အပြစ်တင် ဆဲဆို ခံရမလား? (အဆဲခံ ရရုံမက အခုလို အန္တရာယ်ပါ ရှိနိုင်တယ် ) ဆိုတာ .. သာမန်လူတွေတောင် သိရင် အများနဲ့ ပတ်သက် ဆက်ဆံနေရတဲ့ Project K လူငယ်များလည်း သိမှာ သေချာပါတယ်။

(၄) နိုင်ငံခြားသားများ အလိုလိုက်ပြီး ကိုယ့် ဘာသာတရား အပေါ် မှာ ဒီလိုလုပ်တယ်လို့ ထင်ရအောင် ကလည်း အချိန်တန်ရင် ကိုယ့်နိုင်ငံပြန်လာပြီး ကိုယ့်နိုင်ငံမှာသာ အမြဲ နေထိုင်နေရသူတွေ ဖြစ်လို့ ဒီလိုအခြေအနေမျိုးထိ ရည်ရွယ်အရောက်ခံတာမျိုး မဖြစ်နိုင်ပါဘူး ။

(၅) အခု အချိန်မှာ နိုင်ငံ လူမျိုး ဘာသာ သာဿနာကို စော်ကားတယ် ထိခိုက်နစ်နာစေတယ် လို့ ရိုးရိုးသားသား ခံစားရသူတွေ နဲ့ အတူ

Project K အဖွဲ့ ကို အစကတည်းက မနှစ်သက်သူ ၊ မိန်းကလေးပရိသတ်များစွာ ရှိ၍ မလိုလားသူ ၊ နိုင်ငံရေး အမြတ်ထုတ်လိုသူ ၊ လှုပ်ခတ် သတင်းရှာချင်သူ ၊ မည်သည့် ကိစ္စမဆို အပြစ်တင် ဆဲဆိုချင်သူ များ ရောထွေး လှုပ်ရှားနေတာ မြင်တွေ့နေရပါတယ် ။

(၆) စိတ်က မရည်ရွယ်ဘဲ မှားယွင်းမှု မှန်လျှင် ဗုဒ္ဓဘုရား ကပင် ခွင့်လွှတ်နားလည်ပေးမည် ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် လူအများစု ပြန်လည် သတိထားစေလိုပါတယ် ။

(၇) ဂီတလောက က တာဝန်ရှိသူများ လည်း ဒီကိစ္စမှာ အနည်းငယ်ဖြစ်စေ မှတ်ချက်ပေး အသံပြု ပြောဆိုစေချင်ပါတယ် ။

(၈) Project K အဖွဲ့ အား ဖားလို၍ ဤ စာရေးခြင်း မဟုတ်ပါ ။

မည်သည့် အဆိုတော် ၊ မည်သည့် အစိုးရ တက်တက် မည်သည့် သူဌေး ၊ မည်သည့် ပရိသတ် နှင့် မည်သည့် ခေတ် တက်တက် … ကိုယ် သည် ဖား စရာ မလိုဘဲ

ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်ပုံစံနဲ့ ကိုယ် အမြဲ အောင်မြင်ခဲ့ / အောင်မြင်ဆဲ / အောင်မြင်လိမ့်မည် ဟု (ကိုယ့်ကိုကိုယ် နှင့် ပတ်ဝန်းကျင်အား မလိမ်မညာ မရှက်မကြောက် ) ကိုယ့် ဖာသာ ကိုယ် ယုံကြည်သောကြောင့် ဖြစ်ပါတယ် ။

ကျနော်ရေးတာ တခုခု သဘောမကျရင် အကောင့် ထဲက ထွက်စေချင်ပါတယ်။ (လူ သန့်စေချင် လို့လည်း ဖြစ်ပါတယ်)

ကျနော်မှတော့ ဘလော့ မလုပ်လိုပါ (အများအားဖြင့်) အစကတည်းက ကျနော်မှ စ၍ Add ထားသူများ မဟုတ်လို့ ဖြစ်ပါတယ် ။

[အချိန်အခက်အခဲကြောင့် ကွန်းမန့်တိုင်းအား မပြန်ကြားနိုင်ပါသဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။]

Shwe Gyaw Gyaw

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page