ဂျပန်လူမျိုးတွေ လုံးဝလိုက်လို့ မမီတဲ့ ရွှေမြန်မာတို့ရဲ့ အိုင်ကျူမြင့်ပုံများ

ဂျပန်နိင်ငံ တိုကျိုမြိ.ရဲ့ JICAcenter ကအခန်း တွေမှာ မီးမလောင် ရအောင် အခန်းထဲမှာ smoke sensor တပ်ထား ပါ တယ်။ အခန်း ထဲမှာ ဆေးလိပ် သောက်ရင် sensor ကအသံမြည်ပါတယ်။ အနံ့ ဆက်ရှိ နေမယ် ဆိုရင် အမိုးကနေရေတွေပန်းထွက်လာပါတယ်။ အခန်းမီးကိုလဲ ပါဝါနည်းတဲ့ breaker တပ်ထားပါတယ်။ အခန်းထဲမှာ ထမင်းဟင်းချက်လို့မရအောင်ပါ။ breaker ကိုလဲ ဖြုတ်လို.မရ အောင်၊ ဖြုတ်ရင်လဲသိအောင်ရက်ဆွဲရေးထားတဲ့ cellotape ကပ် ထားပါတယ်။ အဲ့ဒါကို အနံပြင်းတဲ့မြန်မာဟင်းတွေ ရအောင် ချက် စားကြတယ်။ အိမ်သာထဲမှာ exhaut fan ရှိတာမို့ ကမုတ်ပေါ်မှာ တင်ချက်ကြပါတယ်။ မြန်မာအင်္ဂျင်နီယာတွေက cellotape ပေါ်ကစာမပျက်အောင် breaker ပြောင်းတပ်ပေးပါ တယ်။

အခန်းကို နေ့တိုင်း သန့်ရှင်းရေးလာ လုပ်လို့ ချက်စားတဲ့ ဆန် စတာတွေကိုရန်ကုန်က ပါလာတဲ့ သေတ္တာထဲမှာထဲ့သိမ်းပြီးသော့ ခတ်ထားရတယ်။ အခန်းထဲမှာလဲ ကျ မနေအောင် သတိထား သိမ်းပြီးမှ အလုပ်သွားရတယ်။ အဲ့ဒီတုံးက စဉ်းစားမိတာက ငါဘာ အကုသိုလ်များလုပ်ခဲ့လို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဘာလို့ ခိုးချောင်ခိုးဝှက်စားနေရတာလဲလို့ အခုမှအဖြေတွေ့တယ်။ ဘာအကုသိုလ်ကြောင့်မှ မဟုတ်ဘူး။ ပိုက်ဆံမက်တဲ့လောဘနဲ့ကိုယ့်မြန်မာစာနဲ့ မြန်မာမိတ်ဆွေတွေကိုမက်တဲ့ လောဘကြောင့်ပဲ။

တစ်ကြိမ်မှာတော့ ရန်ကုန်က ရောက်စ မြန်မာ ပညာသင်နှစ်ဦး အခန်းထဲမှာ ရန်ကုန်က ပါလာတဲ့ အမဲသား ခြောက်တွေချက်တာ အမိုးကရေတွေလဲပန်းထွက်၊ အသံတွေလဲမြည်တာနဲ့ဟင်းအိုးကိုင်ပြီး corridor ကိုထွက်လာတယ်။ corridor ကို security က camera တွေနဲ့အမြဲကြည့်နေတာ။ သူတို့ဟင်းအိုးရော rice cooker ရော်သိမ်းသွားပြီး ရန်ကုန် ပြန်မှပြန်ပေးတယ်။

ဂျပန်မှာ စက်နဲ့လောင်းကစားတဲ့ (ပါချင်ကို)ဆိုတာ နေရာတိုင်း လိုလိုမှာ ရှိတယ်။ ဂျပန်တွေကတကမ္ဘာလုံးကို သူတို့စေတနာ ၊မေတ္တာ ရှိတယ်ဆိုတဲ့ နံမည်ကောင်း ပြချင်တယ်။ ဒါကြောင့် JICA အထောက်အပံ့တွေ နိုင်ငံ တော်တော် များများကို ပေးတယ်။ ဒါပေမဲ့သူများနိုင်ငံတွေကို တော့သူတို့ ရဲ့နည်းပညာတွေမရစေချင်ဘူး။ သင်တန်းမှာ ဘာမှသိပ်မသင်ဘူး။ (Intensive care က လာတဲ့သူနာပြုဆရာမလေးက ပြောတယ် ကျမတော့ ရန်ကုန်ရောက်ရင် ဘာသာပြန်တဲ့အလုပ်ဘဲ ပြောင်းလုပ်ရမယ်ထင်တယ်တဲ့။ ကျမတို့ဓါတ်ခွဲခန်းမှာလဲ Reagents အားလုံးဂျပန်လိုရေးထာတာ။ Distilled water နဲ့. Acetic acid ဆို အနံ့နံနံကြည့်ရတယ်)။ သူတို့ထောက်ပံ့တဲ့ပိုက်ဆံသူတို့ တိုင်းပြည်မှာ ပဲသုံးပြီးပြန်စေချင်တယ်။

ပညာတော်သင် တစ်ယောက်က ဘာမှသင်စရာ မရှိတော့ လောင်းကစား တဲ့ စက်နဲ့နေ့တိုင်းသွားကစားတယ်။ ကစားရင်း စက်ရဲ့အထာကိုသိသွားပြီး သူကစားတိုင်းနိုင်လို့ ဆိုင်ရှင်က စက်ကိုလဲပစ်တယ်။ ဒါလဲသူပဲနိုင်တော့ နောက်လာမကစားဖို့ ဆိုင်ကလူမိုက်နဲ့နှင်ရတဲ့ အခြေအနေရောက်သွားတယ်။

ဂျပန်က ဟော်တည်မှာ အဲ့ဒီ အချိန်ထဲက mini bar ထားပြီး ရေခဲသေတ္တာ ထဲက စားစရာတွေယူရင် automatic front desk ကို bill ရောက်တယ်။ အဲ့ဒါ မြန်မာတစ်ယောက်က bar ထဲက အရက်တွေအားလုံးသောက်ပြစ်တာ သူ့ကို ထမ်းစင် နဲ့ပြန်သယ်ရတယ်။ ဒါပေမဲ့ ပိုက်ဆံ တစ်ပြားမှ မကုန်ခဲ့ဘူးတဲ့။ ဘာဖြစ်လို့လဲ လို့စပ်စုကြည့်တော့ automatic front desk ကို bill ရောက်တယ်ဆိုတာ အထဲကပစ္စည်းယူလိုက်ရင် အလေး ချိန်ပေါ့သွားလို့ signal ရောက်တာ။ signal မရောက်အောင် ပစ္စည်းယူတဲ့အခါ အောက်ခြေ signal ဖြစ်မဲ့နေရာကို လက်ခလေးနဲ့ဖိပြီးအလေးချိန်တူတဲ့ ရေထဲ့ထားတဲ့ပုလင်းကိုပြန်ထဲ့လိုက်တယ်တဲ့။ နောက်လူတော ရေတွေပဲ သောက်ရတော့မယ် ထင် တယ်။ ကျမက မြန်မာသူနာပြုတစ်ယောက်နဲ့မြန်မာပြည်ပြန်မဲ့ သူတွေကို အပြန်ပစ္စည်းတွေ လိုက်သိမ်းပေးလေ့ရှိပါတယ်။ တခါတော့ ပြန်မဲ့သူက နောက်မှာ ဘုနဲ့TV ကိုဖွင့်ပြီးအထဲမှာ နာရီတွေကို cellotape တွေနဲ့ကပ်တာတွေ့ရတယ်။ ရန်ကုန်က custom မတွေ့အောင်တဲ့။ နာရီ အလုံး ၁၀၀ လောက်တော့အသာလေး ပဲတဲ့။

တိုကျိုမှာ prepayed phone card တွေက မြိ့တွင်းရော နိုင်ငံခြား ရော ခေါ်လို့ရတယ်။ ဒါပေမဲ့ မြို့တွင်းက တစ်ယူနစ်ကို ရမ် ၁၀ ပဲကျပြီး မြန်မာပြည်ခေါ်ရင် ရမ် ၁၀၀ ကျတယ်။ ရမ် ထဲ့ပြီးလဲပြောလို့ရတယ်။ တစ်ချို့က ရမ် ကို အပေါက်သေးသေးလေးဖေါက်ကြိုးထဲ့ထားပြီး၊ ဖုန်းခေါ်ပြီးရင်ကြိုးဆွဲပြီးပိုက်ဆံပြန်ထုတ်တယ်တဲ့။ တစ်ချို့ကတော့ဖုန်းကိုဘယ်လိုလုပ်လိုက်လဲမသိဘူး၊ မြန်မာပြည်ခေါ်ရင် ရမ် ၁၀ ပဲကျတယ်။ သူတို့ပြောပြီးရင် ကျန်တဲ့ မြန်မာတွေကိုအကြောင်းကြားတယ်။ အဲ့ဒီဖုန်းရှေ့မှာ မြန်မာတွေ ဖုန်းပြောဖို့တန်းဆီနေကြတာ။ မသိတဲ့ဂျပန်တွေက ဒီပြင်ဖုန်းလဲ ရှိတယ် စောင့်ဖို့မလို ဘူးလိုပြောပြတယ်။ ဒါပေမဲ့ ကျမတို့မြန်မာတွေက sentimental ဖြစ်တယ်။ ဒီဖုန်းနဲ့မှလို့ ပြန်ဖြေကြတယ်။

ဂျပန် telephone co က မြန်မာပြည် ခေါ်တာ များတယ်ဆိုပြီး မြန်မာပြည် အထူး phone card ထုတ်တယ်။ ဝယ်မဲ့သူမရှိလို့ ထုတ်တာရပ်လိုက်ရတယ်။ Center က TV လိုင်း ၁၀ ခုလောက်ရှိတယ်။ အားလုံး အလကားကြည့် လို့ရတယ်။ ဒါပေမဲ့ လိုင်း ၂ ကတော့ ပိုက်ဆံပေးရတယ်။ အဲ့ဒါကိုလဲ မြန်မာတွေအလကားကြည့်တဲ့အပြင် တခြားနိုင်ငံခြားသားတွေ ကိုပါ အလကားပြကြတယ်။ ဘယ်လိုလုပ်တာ လဲလို့စပ်စုကြည့်တော့။ front desk ကိုသွားတဲ့ လိုင်းကို ပင်အက်နဲ့စိုက်ထားရင် signal မသွားတော့ဘူးတဲ့။

၁၉၆၀ က world bank က မှတ်ချက်ထုတ်တယ်။ Asia မှာမြန်မာနိုင်ငံက သရံဇာတာကြွယ်ဝပြီး၊ လူတွေကလည်း IQ မြင့်လို့ အတိုးတက်ဆုံးဖြစ်မယ်တဲ့။ မှန် လား ? မ မှန်ဘူးလား ?

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page