အမြန်လမ်းပေါ်မှာ ရပ်ထားတဲ့ ရွှေမန်းသူမှန်လုံယာဥ်ကို ကုန်ကားဝင်တိုက်၊ (၂) ဦး ပွဲချင်းပြီး

၂၈.၈.၂၀၂၀ ရက်နေ့ ၀၂၃၀ အချိန်ခန့် နေပြည်တော်-ရန်ကုန်လမ်းပိုင်း မိုင်တိုင်(၁၅၃/၅)အနီး ယာဉ်မောင်း———–(သ)၅၉နှစ်၊ ဖြူးမြိုနယ်နေသူ မောင်းနှင်သောYGN.1L/4717 Yutong(ပန်းစီရောင်) မကွေး-ရန်ကုန်’ရွှေမန်းသူ’ခရီးသည်ကျား(၁၀)၊ မ(၁၀) ယာဉ်မောင်းအဖွဲ့ ကျား(၄)ပေါင်း(၂၄) ဦးလိုက်ပါသောကားမှာမောင်းနှင်လာစဉ်၊ စက်ချိုယွင်းသဖြင် လမ်းတစ်ခြမ်းပိတ်ရပ်ပြီး ယာဥ်နောက်တွင် တိုင်ကီအနီရောင်နှင့် တိုငိကီအနီရောင်ပေါ်တွင် တြီဂံရောင်ပြန်တုံးအားတင်၍ ပြုပြင်ခဲ့ပါသည်။

နာရီဝက်ခန်ပြုပြင်ပြီး ပြန်ထွက်ရန်ပစ္စည်းသိမ်းစဉ် လားရာတူနောက်မှ ယာဥ်‌မောင်း————-=(၂၇)နှစ်(သေဆုံး) (ဘ)၊နေရပ်လိပ်စာစုံစမ်းဆဲ၊ ————(သေဆုံး)(သ)၁၇နှစ်ခန့်(ဘ) နေရပ်လိပ်စာစုံစမ်းဆဲ လိုက်ပါလာသော ဟွန်ဒိုင်း (အဖြူရောင်)ယာဉ်သည် နောက်မှဝင်ရောက်တိုက်မီသဖြင့် ့ယာဉ်’ရွှေမန်းသူ’ယာဉ်မှ ကျား(၁)ဦး နဖူးဝဲဘက်တစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှီပြီး နောက်ယာဉ်မှယာဉ်မောင်းပါ (၂)ဦးသည် ကားခေါင်းခန်းအတွင်း ညှပ်ပိသေဆုံးခဲ့ပါသည်။

ဇီးပင်သာ အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ ​ဓေိကုန်းအမြန်လမ်းမကြီ းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကားခေါင်းခန်းအတွင်း ညှပ်ပိသေဆုံးသူနှစ်ဦးအား ထုတ်ယူခြင်း ၎င်း သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရရှိသူတို့အား တောင်ငူဆေးရုံသို့ပို့အပ်ခြင်း ‘ရွှေမန်သူယာဉ်မှ ခရီးသည်များအား အခြားယာဉ်တစ်စီးဖြင့် ဆက်လက်ထွက်ခွာနိုင်ရေး ဆောင်ရွက်ခြင်း စသည့် ကူညီဆောင်ရွက်ဖွယ်ရာများကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

အမှုအား ဥပဒေနှင့်အညီ အမှုဖွငံလှစ်အရေယူနိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page