‌ရွှေဘုံသာလမ်းမှာ ရွှေ (၁၀) သား ကောက်ရသွားသူနှစ်ဦးအား ပြန်လာပေးပါရန် မေတ္တာရပ်ခံ

ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင် ကျပ်သိန်းသုံးရာနီးပါး တန်ဖိုးရှိ ရွှေတစ်ဆယ်သားကို မတော်တဆ လွတ်ကျကျန်ခဲ့ရာ CCTV မှတ်တမ်းအရ ကောက်ရသွားသူကိုလည်း တွေ့ရသည့် အတွက် ပြန်ပေးပါက ကျေးဇူးဆပ်မည်ဖြစ်ကြောင်း ပျောက်ရှသည့် ပစ္စည်းပိုင်ရှင်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားထားသည်ကို တွေ့မြင်ရသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ မေလ ၄ ရက် နေ့လည်ပိုင်း ၃ နာရီ ထိုးခါနီးအချိန်က ရန်ကုန်မြို ရွှေဘုံသာအလယ်လမ်းက One Stop Mart အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရွှေ ၁၀ ကျပ်သား (အကယ်ဒမီ အခေါက်ပိုင်း ၁ ပိုင်း) လက်ထဲတွင် ကိုင်သွားရင်း မတော်တဆ လွတ်ကျကျန်ခဲ့ပါသည် ။ပြုတ်ကျသွားပြီးနောက် CCTV မှတ်တမ်း ပြန်ကြည့်ရာ Video သက်သေမှတ်တမ်းအရ CCTV Video တွင် ပါသော အကိုနှင့် အမမှ သတိထားကောက်ယူသွားသည်ကို တွေ့ရှိပါသည်။ ပတ်ဝန်းကျင် မျက်မြင်သက်သေများအရလည်း အကိုနှင့် အမမှ ကောက်ရသွားသည်ကို သိရှိရပါသည်” ဟု ပျောက်ဆုံးသွားသူက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသည်။

ယခုကဲ့သို ခက်ခဲနေသည့် အချိန်တွင် ရွှေကို ပြန်ပေးပါရန် မေတ္တာရပ်ခံသည့် အကြောင်းနှင့် ကောက်ရသွားသူကိုလည်း ကျေးဇူးဆပ်မည်ဖြစ်ကြောင်း ရေးသားထားကာ ကျပျောက်သွားသူမှာလည်း ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘဲ အခြားသူအတွက် လုပ်ပေးခြင်း ဖြစ်သောကြောင့် ကြီးမားသော အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ရေးသားထားပြီး ပြန်လည်ပေးအပ်လိုပါက 09,5037682 နှင့် 09,448026426 သို့ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page