ကိုဗစ်ကြောင့် သေကွဲရော ရှင်ကွဲပါ ကြုံခဲ့ရတဲ့ မိသားစုလေး (အသက်ငယ်ဆုံး ကိုဗစ်ကူးစက်ခံရတဲ့ကလေးတဲ့)
ကိုဗစ်ကြောင့် သေကွဲရော ရှင်ကွဲပါ ကြုံခဲ့ရတဲ့ မိသားစုလေး (အသက်ငယ်ဆုံး ကိုဗစ်ကူးစက်ခံရတဲ့ကလေးတဲ့)
အဒေါ် နှင့် တူမ Positive (မှ) Negativeဖြစ် အိမ်ပြန်ခရီး
ရန်ကုန် ခလေးဆေးရုံမှ မအူပင်အပိုင် ရွာဘက်က နေအိမ်သို့ ကရုဏာ(မအူပင်မြို့) အရေးပေါ်လူနာတင်ယာဉ် (003)ဖြင့် ပြန်လည်ခေါ်ပေးခဲ့ ဇာတ်လမ်းလေးက ၁၄ ရက်နေ့ မှာ မီးဖွားဖို့ဆေးရုံတက် ၁၆ ရက်နေ့မှာ ခွဲမွေးတယ် ၁၈ ရက်နေ့မှာ ကလေးရော၊အမေပါ +တွေ့တယ်တဲ့
၂၂ ရက်နေ့မှာ အမေကို ဖောင်ကြီးပို့တယ် အဲီနေ့မှာပဲ အမေက ဆုံးသွားတယ် အဖေက ဆေးရုံစောင့်ရင်း + ဖြစ်ပြီး တနေရာမှာ Q ဝင်နေရတယ်။ ကလေးက မနက်ဖြန် သက်သာလို့ ဆေးရုံကဆင်းရမယ် ဒီမိသားစုရဲ့ ကံကြမ္မာဟာ ကိုဗစ်ဆိုတာကြီးသာ မရှိခဲ့ရင် မွေးပြီးတာနဲ့ မိသားစု ပျော်ပျော်ပါးပါး အိမ်ပြန်ရမယ့်ဇာတ် အခုတော့သေကွဲရော ရှင်ကွဲရော
လူ့လောကထဲရောက်ရုံရှိသေးတယ် တစ်ပြိုင်ထဲ ခံလိုက်ရတဲ့ လောကဓံ ပြင်းလွန်းတယ် သွေးနုသားနု မှာ ကလေးနဲ့လည်းခွဲရတယ်၊ Q ထဲ မှာ တစ်ယောက်ထဲလည်း နေရတာရယ်နဲ့ ဝေဒနာပေါင်းစုံ နှိပ်စက်တဲ့ဒဏ်ကို ခံနိုင်ခဲ့ပုံ မရဘူး။
ဒီမှာဆို ကလေး နဲ့ အမေ ခွဲမယ် မထင်ဘူး၊ သေချင်မှသေမယ်(ကိုယ့်အတွေးသက်သက်ပါ ဘာပဲဖြစ်ဖြစ် ကံသက်တမ်းရှိသလောက် လူဖြစ်ရန်ရက်တွေ ကျန်သေးတဲ့ အသက်အငယ်ဆုံးသော ကိုဗစ်လူနာကလေး မနက်ဖြန် ဘေးကင်းစွာ အဘိုး၊ဘွား နဲ့ အဒေါ်တွေ အိမ်ကိုချောမွေ့စွာပြန်ရောက်ပါစေ)
ညိုလူကြီး