ရှေ့တန်းတိုက်စစ်မှူးတဦး ကိုဗစ်ကြောင့် ကျဆုံး (ကိုဗစ်ကြောင့် ပထမဆုံး ကြွေလွင့်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်း)

ရှေ့တန်းတိုက်စစ်မှူးတဦး ကိုဗစ်ကြောင့် ကျဆုံး (ကိုဗစ်ကြောင့် ပထမဆုံး ကြွေလွင့်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်း)

တာမွေမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာ ရေးမှူး ဦးနေလင်းဦးသည် ကိုဗစ် ရောဂါကူးစက်ခံရ၍ ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန် ခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုလိုက်ပါတယ်။

အသက် (၅၆) နှစ်အရွယ် ကျန်းမာရေးမှူးသည် တာမွေမြို့နယ် ကိုဗစ် သံသယလူနာ ရှာဖွေရေးနှင့် နေရာချထားရေး ဦးစီးဆောင်ရွက်နေသူ ဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်တွင် ကိုဗစ် ကူးစက်ခံရသည်ကို တွေ့ရှိ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသစေခဲ့သည်ဟု မြို့ နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာနှင်းလဲ့ရည်က ဆိုပါတယ်။

“ဘယ်က စကူးမှန်းတော့ မသိဘူး။ နောက် သူ့မှာလည်း အသည်းရောဂါ အခံရှိတယ်။ မနေ့က (အောက်တိုဘာ ၂၅ ရက်) နံနက် ၁၀ နာရီလောက်က ဆုံး သွားခဲ့တာ’’ဟု ၎င်းက ပြောပါတယ်။

‘ရှေ့တန်း တိုက်စစ်မှူး ကိုဗစ် ရောဂါကူးစက်ခံရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ မနက် ၁၀ နာရီခန့်အချိန် တွင် ကွယ်လွန်သွားပါသဖြင့် တာ မွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလေးစားစွာ ဝမ်းနည်းစွာ ဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါ သည်။ ဆရာ ကောင်းရာသုဂတိ လားပါစေ’ ဟူ၍ တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြေညာထားပါတယ်။

ကိုဗစ် ကာကွယ်တားဆီးထိန်းချုပ်မှုလုပ်ငန်း ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး ကူးစက်ခံရ၍ ကွယ်လွန်ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“မနေ့က ပြည်ထောင်စု ဝန်ကြီးပါတဲ့ အစည်းအဝေးမှာလည်း ဝမ်းနည်းကြောင်း ကြေညာခိုင်းတယ်။ ပြီးတော့ ကျန်ခဲ့တဲ့ မိသားစုကို ထောက်ပံ့ဖို့ ညွှန် ကြားတယ်။ ဒါ ရန်ကုန်တိုင်းအ တွက် ပထမဆုံးဖြစ်သလို တခြား ပြည်နယ်နဲ့ တိုင်းမှာလည်း မရှိပါ ဘူး။ ကျွန်တော်တို့အားလုံးလည်း ဝမ်းနည်းကြရပါတယ်’’ဟု ၎င်းက ပြောပါတယ်။

မြန်မာနိုင်ငံတွင် ဒုတိယလှိုင်း စတင်သက်ရောက်ခဲ့ပြီး နောက် ကိုဗစ် အတည်ပြု လူနာ သောင်းနှင့်ချီအများအပြား တွေ့ရှိရပြီး ယင်းအနက် တာဝန် ထမ်းဆောင်နေသည့် ကျန်းမာ ရေးဝန်ထမ်း ၂၀၀ ထက်မနည်း ကူးစက်ခံရကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူများက ဖြေကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page