ရှေးဟောင်းရွှေထည်ပစ္စည်းများတွေ့သည့် မြောင်မြို့နယ်ဧရာဝတီမြစ်ကမ်းပါးကို ရဲများ စောင့်ကြပ်လျက်ရှိ

ရှေးဟောင်းရွှေထည်ပစ္စည်းများတွေ့သည့် မြောင်မြို့နယ်ဧရာဝတီမြစ်ကမ်းပါးကို ရဲများ စောင့်ကြပ်ထားရှိ

ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ရွှေထည်များတွေ့သည့် စစ်ကိုင်းတိုင်းမြောင်မြို့နယ် ကျောင်းဖြူကျေးရွာ အနောက်ဖက် ဧရာဝတီမြစ်လက်တက်နေရာကို လုံခြုံရေးကင်းချကာ ကြပ်မတ်ဆောင်ရွက်နေကြောင်း မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဦးတင်ထွန်းအောင်ထံမှ သိရပါတယ်။

“တစ်ပါတ်ကျော်လောက်ရှိပြီ။ ကန့်သတ်ထားတာ။ ဘာလို့လည်းဆိုတော့ရွှေရှာတဲ့သူတွေက ကမ်းပါးတွေဖြို တယ်။ ဖြိုတော့ဒေသခံတွေက ကမ်းပါးပြိုတော့သူတို့ စိုက်ခင်းမြေတွေပါသွားတယ်ဆိုပြီးအပြန်အလှန်ခိုက် ရန်ဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက်( ၂၄)နာရီရဲကင်းချထားပါတယ်။လာတဲ့သူမှန်သမျှမောင်းထုတ်နေတော့ အခုမလာကြတော့ဘူး။”ဟု ၄င်းက ပြောပါတယ်။

ဒီဇင်ဘာလ (၉)ရက်တွင် မြောင်မြို့နယ် ကျောင်းဖြူကျေးရွာနေ ဦးကျော်မိုးက ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ(၁၀၀၀)ခန့်အကွ ာချောင်းအတွင်းရေခပ်ရန် သွားစဉ် ချောင်းရေတိုက်စားကမ်းပါးပြို ကျထားသည့် နေရာမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိ န်တစ်ကျပ်သားခန့်ရှိ ရွှေထည် ပစ္စည်းတစ်ခုကိုစတင်တွေ့ရှိခြင်းဖြစ်ပါတယ်။

ထို့နောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဝေ၊ တစ်ရွာတည်း နေသူများဖြစ်သည့် ဦးချစ်စန်းဦး၊ ဦးလှမင်းဦးတို့အား ပြောပြကာ ကျေးရွာသား အချို့နှင့် အတူ အဆိုပါနေရာသို့ ထပ်မံသွားရောက်၍ ရှာဖွေခဲ့ရာတွင် ချောင်းကမ်းစပ်ရှိရေထဲမှ အလေးချိန် ငါးမူးသားကျော်ခန့်ရှိ ရွှေထည်ပစ္စည်း(၃)ခု ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဒေသခံများက ဒီဇင်ဘာလ (၉)ရက်တွင် တွေ့ရှိသော ရှေးဟောင်း ရွှေထည်ပစ္စည်း များအပါအဝင် ရွှေထည် ပစ္စည်း(၆)ခုနှင့် ကြေးဟင်္သာအလေးတစ်ခုတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ အပ်နှံခဲ့ရာ တာဝန်ရှိသူများက အဆိုပါ ရှေးဟောင်း ရွှေထည် ပစ္စည်းများကိုဒီဇင်ဘာလ (၁၄)ရက်တွင် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ထံ ပေးပို့အပ်နှံခဲ့ရာ ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိသူ ဒေသခံများ အတွက် ကြိုတင်ဆုကြေး ငွေကျပ်(၅၁)သိန်းချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

ဒေသခံ(၅)ဦးတို့ ထပ်တွေ့ခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်း (၅)မျိုးနှင့် ဟင်္သာရုပ် (၁)ခုတို့ကို မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အတူ ဒီဇင်ဘာလ ၁၈ ရက် နံနက်(၁၀)နာရီက ဒုတိယအကြိမ် လာရောက် အပ်နှံခဲ့ရာ ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိသူ ဒေသခံ(၅)ဦးအတွက် ကြိုတင်ဆုကြေး ငွေ(၄၄၈၀၀၀၀)ကျပ်ကို ထပ်မံ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

“တိုင်းအစိုးရကို အပ်တာ (၂)ကြိမ်ရှိပြီ။ ပထမအကြိမ်က ပစ္စည်း(၆)မျိုး ဒုတိယအကြိမ်က ပစ္စည်း(၅)မျိုး စုစုပေါင်း (၁၁)မျိုးအပ်ထားတယ်။ တွေ့တဲ့သူတွေကိုလည်း တိုင်းအစိုးရက ကာလပေါက်ဈေးနဲ့အပ်တဲ့ ရွှေအလေးချိန် အ တိုင်းတန်ဖိုးဖြတ်ပြီး ကနဦးချီးမြှင့်ငွေ ပေးထားတယ်။ ပစ္စည်းတွေကို ရှေးဟောင်းသုတေသနကို အပ်လိုက်လို့ ရှေးသုက သက်ဆိုင်ရာခေတ်အလိုက်လက်ရာ ကြေး စတာတွေ ထပ်ရဖို့ရှိတာပေါ့။ ဒီနေရာမှာ လာပြီးရှာတာတွေ မှတ်တမ်းတင်တာတွေလုပ်ဖို့စာတင်ထားတယ်။ ရှေးဟောင်း သုတေသနက လာစစ်ဆေးပေးမယ်။ မြစ်ကမ်းပါး ထိန်းသိမ်းရေးတွေ လုပ်ပေးဖို့ စာတင်ထားတယ်။ သူတို့ဆက်လုပ်ပါလိမ့်မယ်”ဟုဦးတင်ထွန်းအောင်က ပြောပါတယ်။

ပစ္စည်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာနသို့ ပေးပို့သွားမည်ဖြစ်ပြီး ဦးစီးဌာနရှိ ပညာရှင်အဖွဲ့က ပစ္စည်းအမျိုးစားနှင့် ခေတ်ကာလသတ် မှတ်ချက်တို့ ကို စစ်ဆေးပေးမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး ဝန်ကြီးဌာနသို့ပေးပို့၍ အရည်အသွေး နှင့် အလေးချိန်တို့ကို စစ်ဆေးမည် ဖြစ်ကာ မူလရွှေထည်တန် ဖိုးအပြင် ခေတ်ကာလ တန်ဖိုးနှင့် အနုစိတ်လက်ရာ တို့ကို ဖြည့်စွက်ပေါင်းထည့်၍ ထိုက်တန်စွာ ဆုချီးမြှင့်နိုင်ရန် စီစဉ် ဆောင်ရွက် လျက်ရှိကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page