ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရှားပါးကျောက်ကို ၂ ကြိမ်တိုင်တိုင် ထူးထူးခြားခြား တူးဖော် ရရှိခဲ့တဲ့ ကျောက်တူးသမား

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရှားပါးကျောက်ကို ၂ ကြိမ်တိုင်တိုင် ထူးထူးခြားခြား တူးဖော် ရရှိခဲ့တဲ့ ကျောက်တူးသမား

တန်ဇန်နီးယားက ကျပန်း ကျောက်တူးသမားတစ်ဦးဟာ ကျောက်အောင်ပြီး နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစာ သုံးလအတွင်းမှာပဲ ကျောက်ထပ်အောင်ပြီး စည်းစိမ်ထပ်တိုးပြန်ပါတယ်။

ဆန်နီနူးလိုင်ဇာဆိုတဲ့ ကျောက်တူးသမားဟာ ဇွန်လအတွင်းက တန်ဇန်နိုက်ကျောက် အရိုင်းတုံး နှစ်လုံး တူးဖေ်ရရှိပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်း ရရှိလို့ တမုဟုတ်ချင်း သန်းကြွယ်သူဌေးဖြစ်ခဲ့သူပါ။ သူဟာ နောက်ထပ် ကျောက်တစ်လုံး ထပ်အောင်ပြီး ဒေါ်လာ နှစ်သန်းနဲ့ ရောင်းချနိုင်ခဲ့ပြန်တာ ဖြစ်ပါတယ်။

တတိယမြောက် အောင်တဲ့ တန်ဇန်နိုက်ကျောက်ဟာ အလေးချိန်အားဖြင့် ၁၄ ပေါင် ရှိတာပါ။ တန်ဇန်နိုက်ကျောက်တွေဟာ တန်ဇန်နီးယားနိုင်ငံ မြောက်ပိုင်းဒေသတွေမှာပဲ ရှိတဲ့ ကျောက်တွေ ဖြစ်ပြီး တောက်ပသန့်ရှင်းတဲ့ အရောင်အသွေးကြောင့် လက်ဝတ်ရတနာတွေ ပြုလုပ်ကြပြီး အဖိုးတန်ကျောက်အဖြစ် တန်ဖိုးထားကြတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အရှားပါးဆုံး ကျောက်မျက်တွေထဲက တစ်ခုအပါအဝင် ဖြစ်တဲ့ တန်ဇန်နိုက်ကျောက်တွေကို ဈေးကွက်တင်နိုင်မှုဟာ လာမယ့် နှစ် ၂၀ အတွင်းမှာ လျော့နည်းကုန်ခန်းသွားမယ်လို့ ဌာနေဘူမိဗေဒပညာရှင်တစ်ဦးက ခန့်မှန်းထားပါတယ်။

အဖိုးတန်တဲ့ ဒီကျောက်မျက်ဟာ အစိမ်း၊ အနီ၊ ခရမ်းနဲ့ အပြာတို့အပါအဝင် အရောင်အသွေးစုံလင်စွာ ထွက်ရှိပါတယ်။ အရောင်အသွေးကို လိုက်ပြီး တန်ဖိုးတွက်ချက်လို့ အရောင်အသွေး ကောင်းလေ တန်ဖိုးကြီးလေလည်း ဖြစ်ပါတယ်။ ခုလို ကျောက်အောင်တဲ့ ကျောက်တူးသမား လိုင်ဇာက သူနဲ့ ဘဝတူတွေကို အစိုးရနဲ့ အတူ အလုပ်လုပ်ဖို့ တိုက်တွန်းပြီး သူ့ ဖြစ်စဉ်က ဥပမာကောင်းဖြစ်တယ်လို့ ပြောပါတယ်။

“အစိုးရဆီ အောင်တဲ့ ကျောက်တွေကို ရောင်းတာဟာ ဈေးကွက် မပြတ်စေတာပဲ ဖြစ်ပါတယ်။ ပြီးတော့ ပွင့်လင်းမြင်သာမှုလည်း ရှိတယ်။”လို့ လမြောက်ပိုင်း မီရီရာနီမိုင်းတွင်းက အခမ်းအနားတစ်ခုမှာ လိုင်ဇာက မှတ်ချက်ပြု ပြောပါတယ်။ အခစား ကျောက်တူးသမားတွေဟာ သူတို့ရဲ့ သစ္စာရှိရှိ အလုပ်လုပ်ကိုင်တာကို မိုင်းပိုင်ရှင်တွေက လစာပေး နောက်ကျတာနဲ့ ပတ်သက်ပြီး မကျေမချမ်းတွေ ဖြစ်နေတာမျိုးလည်း ရှိပါတယ်။

ဇွန်လက ကျောက်နှစ်လုံး အောင်ခဲ့တဲ့ ကလေး အယောက် ၃၀ ဖခင် လိုင်ဇာက ပါတီပွဲ ကျင်းပမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူမွေးရပ်မြေမှာ စာသင်ကျောင်းနဲ့ ကျန်းမာရေးစင်တာတစ်ခုစီ တည်ဆောက်ရာမှာ ကျောက်ရောင်းရတဲ့ ပိုက်ဆံတွေကို သုံးသွားမယ်လို့ ဆိုပါတယ်။

လိုင်ဇာက သူ အောင်တဲ့ ကျောက်တွေကို အစိုးရဆီ ရောင်းချလို့ ပေးအပ်ချီးမြှင့်ခံရတဲ့ ငွေကြေးပမာဏာ ဈေးကွက်ပေါက်ဈေးနဲ့ ယှဉ်ရင် အဆ နှစ်ဆယ်လောက် နည်းပါးတယ်လို့ ကျောက်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

မောင်သံဆင့်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page