တဖြည်းဖြည်း ရှားပါးလာတဲ့ စေတနာ့ဝန်ထမ်းနဲ့ ပြောင်းလဲရမယ့် လူနာတချို့ရဲ့ စိတ်ဓာတ်များ

ပို့စ်တွေတက်လာတာ မြင်ရလို့။ Positive လူနာ တစ်ယောက်ဟာ ဆန္ဒပြတဲ့အနေနဲ့ ရေအိမ် မသွားပဲ နေရာမှာတင် ကိစ္စပြီးလိုက်လို့ ကျန်းမာရေးဝန်ထမ်းတွေ လိုက်ရှင်းရတယ်ဆိုတဲ့ ပို့စ်ရယ်။ ဓမ္မတာကြောင့် ပေနေတဲ့ အိပ်ယာခင်းကို ဒီတိုင်း ပရမ်းပတာ ထားသွားတာကြောင့် စေတနာ့ဝန်ထမ်းလေးတွေ စိတ်ညစ်ရတယ်ဆိုတဲ့ ပို့စ်ရယ်။ အပေါ်ထပ်ဆောင်ကနေ အောက်မှာ ရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းလေးပေါ် တံတွေး လှမ်းထွေးတယ်ဆိုတဲ့ အကြောင်းရယ်။ ရိုးမမှာ Q သမားတွေနဲ့ စေတနာ့ဝန်ထမ်း တွေအချင်းချင်းမကြည်တာတွေ ဖြစ်တယ်ဆိုတဲ့ ပို့စ် ရယ်။

ဆရာကြီးတစ်ယောက်ကတော့ စိတ်ပိုင်းဆိုင်ရာ ဆန့်ကျင်မှုတွေ လုပ်တတ်တဲ့ ဖြစ်စ်တွေကို ရှင်းပြပြီး လူနာတွေအပေါ် မေတ္တာထားဖို့ သွယ်ရေးပေမဲ့ စဥ်းစားကြည့်တာပေါ့နော်။ ခံရတဲ့သူ နေရာမှာ ကိုယ်သာဆို ဘယ်လိုနေမလဲပေါ့။ အဆင်ပြေ မနေဘူးလေ။ လူနာတွေရဲ့ ဆန္ဒပြတတ်မှုတွေကို ဆေးရုံမှာ ဟောက်ဆာဂျင် လုပ်ခဲ့တုန်းက ကြုံခဲ့ဖူးတယ်။ ကိုယ့် စီနီယာတွေ ခံရတာတွေပေါ့။ အဲ့တည်းက ငါ အဲ့လောက် သည်းမခံနိုင်လောက်ဖူး ထင်တယ်ဆိုပြီး အလုပ်ဝင်တဲ့အခါ သင်ကြားရေးဘက် လျှောက်တာပဲ။

ကျန်းမာရေးဝန်ထမ်းတွေဟာ စေတနာ အရင်းခံပြီး တာဝန်ပါ ရှိနေတော့ အတော်စိတ်ရှည်ရပါတယ်။ စေတနာ့ဝန်ထမ်းတွေ ကျတော့ မတူပါဘူး။ သူတို့ဟာ ပရဟိတ စိတ်သီးသန့်နဲ့ လာလုပ်ပေးကြတာပါ။ သူတို့မှာ ဘာတာဝန်မှ မရှိပါဘူး။ ယူပေးစရာလဲ မလိုတဲ့သူတွေပါ။ ဒီလောက် လူအများကြီးရှိတဲ့နေရာမှာ စေတနာ့ဝန်ထမ်းလေး အယောက် ၄၀ နဲ့ လည်ပတ် နေရတာပါ။ ရောဂါကူးနိုင်ချေ ရှိတာ သိသိကြီးနဲ့ လာကူညီပေးကြတယ်။ PPE ဝတ်ပြီး အဲ့အထပ်မြင့်တွေကို တက်လိုက် ဆင်းလိုက်။ ကိုယ့်အိမ်မှာ အပေါ်ထပ်နဲ့ အောက်ထပ်ပဲ အိမ်နေ​ဝတ်နဲ့ ခေါက်တုံ့ခေါက်ပြန်လျှောက်ကြည့်ရုံနဲ့ ဘယ်လောက် ပင်ပန်းလဲ သိနိုင်တယ်လေနော်။ ဘယ်လောက် စိတ်ထားကောင်းကောင်း လူတွေမှာ လစ်မစ်အကန့်အသတ် ဆိုတာ ရှိကြတယ်လေနော်။ လူကိုး။

စေတနာ့ဝန်ထမ်းတွေကို အားနာကြပါ။ သူတို့ကို ခေါ်ထားတဲ့ လူတွေ။ ငါတို့ ခိုင်းချင်တာ ခိုင်းမယ်ဆိုတဲ့ အတွေးတွေ တတ်နိုင်သမျှ ဖျောက်ပါ။ စေတနာ့ဝန်ထမ်း တွေ ရှားလာပါပြီနော်။ ဝန်ထမ်းတွေကိုသာ ဂျူတီ ဘာညာနဲ့ ထိန်းချုပ် ခိုင်းလို့ရပေမဲ့ အစစအရာရာ အဆင်ပြေအောင်စီစဥ်ပေးနေကြတဲ့ ပရဟိတ သမားတွေကို အလွယ်တကူ မရှာနိုင်ဘူး။ အရမ်းရှားပါတယ်နော်။ အထူးသဖြင့် ခုလို သေစေနိုင်တဲ့ ရောဂါ ဖြစ်နေတဲ့ အချိန်မျိုးမှာပါ။ စာနာပေးကြပါ။ Q တစ်သုတ်ပြီး တစ်သုတ် ပြောင်းသွားပေမဲ့ သူတို့ကတော့ အန္တရာယ်ကြားထဲက ဝန်ဆောင်မှု ပေးနေကြတာပါ။

ကျန်းမာရေးဝန်ထမ်း တွေဆိုလဲ မိသားစုကို ပစ် အန္တရာယ်ကြားထဲကနေ ဝန်ဆောင်မှု ပေးနေကြတာပါ။ တာဝန် ဂျူတီ ဆိုတာထက် ပိုတဲ့ စေတနာရယ် အသိရယ် အများကြီးကြောင့်ပါ။ ခု ပြောကြတယ်ပေါ့။ Victim blaming မလုပ်ဘူး ပေါ့။ ဒါပေမဲ့လဲ အဲ့ ကူးစက်သူ တွေဟာ ဘုရင်တွေ ဘုရင်မတွေ မဟုတ်ကြပါဘူး။ Positive ထွက်လာလို့ မကျေနပ်ချက်နဲ့ အများကို အနှောင့်အယှက်ပေးတာဟာလဲ ကောင်းတဲ့ အပြုအမူ မဟုတ်မှန်း သိထားဖို့ လိုပါတယ်။ Victim တွေကို blame မလုပ်ရသလို ကူးစက်သူတွေဟာလဲ မိမိရဲ့အပြုအမူတွေ သူတစ်ပါးမထိခိုက်ဖို့ သတိထားစေချင်ပါတယ်။ အဲ့လို အပြုအမူလုပ်လိုက်ပြီဆိုတာနဲ့ victim side ပြောင်းသွားပါပြီ။ အမှန်ကို မြင်ကြပါစေ။ ထိခိုက်အောင်လုပ်ရင်လဲ သက်ဆိုင်ရာက အက်၇ှှှှင် တစ်ခုခုယူပြီး ဝန်ဆောင်မှုပေးတဲ့ လူတွေကို အကာအကွယ်ပေးရေး လုပ်စေချင်ပါတယ်။

Miemie Pyaephyothu

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page