ရန်ကုန်ကိုဗစ်အဆုံးသတ် တိုက်ပွဲကို စစ်ကူပေးဖို့ ကယားနဲ့ ရှမ်းပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေ လာပြီ
ရန်ကုန်ကိုဗစ်အဆုံးသတ် တိုက်ပွဲကို စစ်ကူပေးဖို့ ကယားနဲ့ ရှမ်းပြည်နယ်က ကျန်းမာရေးဝန်ထမ်းတွေ လာပြီ
ကိုဗစ် ရောဂါဖြစ်ပွားမှု များနေတဲ့ ရန်ကုန်တိုင်းကိုကူညီဖို့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဆေးရုံအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုအယောက် ၂၀ ဟာ အောက်တိုဘာ ၁ ရက်နေ့က ရန်ကုန်မြို့ကို သွားရောက်ခဲ့ကြတယ်လို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်မောင်ညွှန့်က ပြောပါတယ်။
“ဒီအချိန်မှာ နိုင်ငံအတွက် တထောင့်တနေရာကနေ လုပ်ပေးချင်တာလို့ ခုလိုသွားဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်” လို့ နမ့်ခမ်းမြို့နယ်ဆေးရုံက သူနာပြုတဦးက ပြောခဲ့ပါတယ်။
ပြည်နယ်ကျန်းမားရေးဆေးရုံမှာ အောက်တိုဘာ ၁ ရက်နေ့ ညနေ ၄ နာရီက အားပေးဂုဏ်ပြုနှုတ်ဆက်ကြသလို ညနေ ၆ နာရီ မြို့အထွက်မှာလည်း ပြည်သူတွေက အားပေးနှုတ်ဆက်ခဲ့ကြပါတယ်။
ကိုဗစ်၁၉ ကူးစက်မှု မြင့်တက်နေတဲ့ ရန်ကုန်မြို့မှာ အားဖြည့်ကူညီဖို့ ကယားပြည်နယ်ကလည်း ကျန်းမာရေးဝန်ထမ်း အယောက် ၂၀ ကို ဒုတိယအကြိမ် အနေနဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာ စေလွှတ် လိုက်ပါတယ်။