ရန်ကုန်မြို့မှာ တပိုင်းလော့ဒေါင်း လုပ်တဲ့ ပထမဆုံးနေ့မှာပဲ ပင်စင်ထုတ်သူတွေ များပြားနေ
ရန်ကုန်မြို့မှာ တပိုင်းလော့ဒေါင်း လုပ်တဲ့ ပထမနေ့မှာပဲ ပင်စင်ထုတ်သူတွေ များပြားနေ
ပင်စင်လစာတွေကို (၂၁) ရက်နေ့မှာပဲ စုပြုံထုတ်ယူတာတွေ မလုပ်ဆောင်ဖို့ ပန်ကြားထားပေမဲ့ အင်းစိန်မြန်မာ့ စီးပွားရေးဘဏ်မှာတော့ ဒီနေ့ စက်တင်ဘာလ(၂၁)ရက်နေ့မှာ ပင်စင်လာရောက် ထုတ်ယူသူတွေ အများအပြား ရှိနေပါတယ်။
အစိုးရအနေနဲ့ ပင်စင်ထုတ်တဲ့သူတွေကို ATM စက်တွေကထုတ်ယူဖို့နဲ့ ဒစ်ဂျစ်တယ်မိုဘိုင်းစနစ်နဲ့ ထုတ်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တစ်တိုင်းလုံးကိုတော့ ကိုကိုကျွန်းမြို့နယ်ကလွဲပြီး ဒီနေ့ စက်တင်ဘာလ(၂၁)ရက်နေ့ကနေ အောက်တိုဘာလ(၇)ရက်နေ့အထိ ပြည်သူတွေအိမ်မှာပဲနေကြဖို့ Stay at Home အမိန့်ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးကိစ္စ၊ ဈေးဝယ်ထွက်တဲ့ကိစ္စနဲ့ တခြားအရေးကြီးကိစ္စတွေကလွဲပြီး အိမ်ပြင်မထွက်ကြဖို့ အစိုးရကအမိန့်ထုတ်ထားတာပါ။
အစိုးရထုတ်ပြန်ချက်မှာတော့ ဘဏ်နဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ စားသောက်ကုန်နဲ့ သားငါး၊ အအေးခန်းလုပ်ငန်းတွေ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူး ရေးလုပ်ငန်းတွေ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးတဲလုပ်ငန်းတွေနဲ့ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်တဲ့စက်ရုံတွေပဲ ဆက်လက်လုပ်ကိုင်ကြဖို့ ပါဝင်ပါတယ်။