ကိုဗစ်ကြောင့် ကြွေလွင့်ခဲ့ရတဲ့ လူတော်လူကောင်းတဦး (၃၄ နှစ်ပဲရှိပြီး ဘာရောဂါမှ မရှိပါဘူး)

”ပြန်လာမယ်လို့ ကတိပေးခဲ့ပေးပြီမှ……”

နေ့လယ် က တင်လိုက်တဲ့ ဖောင်ကြီး၊ သရဖီ ဆောင်က ဆုံးသွားတဲ့ လူနာ ကိုစိန်ဝင်း အကြောင်း လေး ပြောပြပါ့မယ်၊ ကိုစိန်ဝင်း ကပြည်တွင်း ကုမ္ပဏီ တစ်ခုရဲ့ GM (အထွေထွေမန်နေဂျာ)ပါ။ အသက်က ၃၄ နှစ်ပါ။

သူက ကျန်းမာရေး လိုက်စားပြီးသူ့ကိုယ်သူ အမြဲ ဂရုစိုက်တဲ့ အပြင် ဝန်ထမ်း တွေ အပေါ်မှာ လည်း နွေးထွေးတဲ့ ခေါင်းဆောင် ကောင်းဖြစ်ပါတယ်။ ခေါင်းဆောင်မှုစွမ်းရည်ကော နှလုံးရည် ကော ကောင်းမွန်တာကြောင့် ဝန်ထမ်းတွေ သူ့ကို သိပ်ချစ်ကြပါတယ်။

ကိုစိန်ဝင်းဟာ ဒီနေ့ ၁ နာရီ ၄၀ မိနစ် မှာတော့ ကိုဗစ် ဗိုင်းရပ်စ် ကြောင့် အသက်ဆုံးရှုံးသွားရပါပြီ။ သူ့ရဲ့ နွေးထွေးမှုတွေ ၊ ပေးဆပ်မှုတွေ၊ အရည်အချင်းတွေ ကို သူ့ဝန်ထမ်းတွေ ၊သူနဲ့ အလုပ်တွဲလုပ်တဲ့ သူတွေက တစ်ဦးပြီး တစ်ဦး ကျွန်တော့်ကို ဖုန်းဆက် ပြောပြပြီး ငိုကြပါတယ်။

၃၄ နှစ်ဆိုတာ ပြောရမယ်ဆိုရင် လူငယ်ပဲ ရှိပါသေးတယ်။ မြန်မာနိုင်ငံ လူငယ်မူဝါဒ ရဲ့ ပြဌာန်းချက်အရ အသက် ၃၅ နှစ်အထိ လူငယ် ပါ။ အဲ့ဒီတော့ကိုစိန်ဝင်းဟာ ကျန်းမာရေး လိုက်စားသူ တစ်ဦးဖြစ်ပြီး ရောဂါ အခံ လည်းမရှိဘဲ အခုလိုအသက်ဆုံးရှုံးသွားတာဟာ တကယ့်ကို ကြောက်စရာပါ။

ဒီလို လူတော်မျိုးကို ဆုံးရှုံးလိုက်ရတာဟာလည်းတကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဒီစာလေး ရေးတင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်ဝောာ် တို့ နိုင်ငံမှာ ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်း မှာ ကိုစိန်ဝင်း လို လူတော်‌လူကောင်းတွေ နောက်ထပ် ထပ်ပြီး မဆုံးရှုံးရအောင်ပါ။

RIP ပါ ကိုစိန်ဝင်းရေ အစ်ကို ထိုင်ခဲ့တဲ့ ရုံးခန်းလေး က သူ့သခင် သေချာပေါက် ပြန်လာမှာ လို့ အခုထိ တစ်ဖွဖွ ပြောနေတုန်း…….အခုထိမျှော်နေတုန်း …အစ်ကို ပြန်မလာနိုင်တော့ဘူးဆိုတာ သူယုံအောင်..

ကျွန်တော် …ကျွန်တော်………….ဘယ်လိုရှင်းပြလိုက်ရမလဲ အစ်ကို…အစ်ကိုပဲ ပြန်လာခဲ့မယ် လို့ ကတိပေးခဲပြီးမှ…….

မင်းရသ

အားလုံးပဲ၊ အိမ်ထဲမှာနေကြပါ၊ ကိုဗစ်က တကယ်သေပါတယ်………

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page