သူရော ၅ နှစ်သား တူလေးပါ ကူးစက်ခံလိုက်ရပြီ ဖြစ်ကြောင်း ပြောလိုက်တဲ့ စိန်ဖြိုးလှိုင်

သူရော ၅ နှစ်သား တူလေးပါ ကူးစက်ခံလိုက်ရပြီ ဖြစ်ကြောင်း ပြောလိုက်တဲ့ စိန်ဖြိုးလှိုင်

ကျွန်တော်တို့စစ်ထားတဲ့အဖြေရပါပြီ။ ကျွန်တော်ရယ်၊ ၅ နှစ်လေးရယ်၊ အိမ်အကူ ၃ ယောက်ရယ် Positive ဖြစ်ပြီး၊ အကြီး နှစ်ယောက်ရယ် ၈၆ နှစ်အဖွားရယ်က Negative ပါ။

၁၀ နှစ်သားဝန်းကျင် ကလေးနှစ်ယောက်နဲ့ ၈၆ နှစ်အဖွားကို ဒီတိုင်းထားခဲ့လို့မဖြစ်နိုင်လို့ ရီရီ က Q လိုက်ဝင်ပြီး ကလေးနှစ်ယောက်နဲ့ နေပေးနေပါတယ်။ အငယ်ဆုံးလေးကို အမေရှိတဲ့ တောင်ဥက္ကလာဆေးရုံ လိုက်ပို့ပေးလို့ရအောင် ကူညီပေးတဲ့ ကျန်းမာရေးက အစ်ကိုတွေနဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။

ကျွန်တော်ကတော့ ဧရာဝတီစင်တာမှာ ရောက်နေပါပြီ။ အားလုံးကတော့ ကျန်းကျန်းမာမာပါပဲ။ အငယ်လေးလဲ Positive ဆိုပင်မဲ့ အမေ့ဆီ ရောက်သွားလို့ စိတ်အေးရပါပြီ။ အကြီးနှစ်ယောက်လဲ အန်တီ အသစ်လေးနဲ့ အစဥ်ပြေနေတယ်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page