အောင်လကို အနိုင်ယူခဲ့တဲ့ နယ်သာလန်သားကို စိန်ဒူးဝါး ဒဲ့စိန်ခေါ်ပြီ

အောင်လကို အနိုင်ယူခဲ့တဲ့ နယ်သာလန်သားကို စိန်ဒူးဝါး ဒဲ့စိန်ခေါ်ပြီ

အောင်လအန်ဆန်းကို ပထမအချီမှာတင် အနိုင်ယူခဲ့တဲ့ နယ်သာလန်သားကို ဒဲ့ စိန်ခေါ်လိုက်တဲ့ စိန်ဒူးဝါး၊ စိန်ဒူးဝါးကြီးကတော့ ကြမ်းပါပြီ။ သူ့အကောင့်မှာ တင်ထားတဲ့ စိန်ခေါ်သံကို ဖော်ပြလိုက်ပါတယ်-

“အောင်လနဲ့ ထိုးတဲ့ နယ်သာလန်က ကောင်၊ ဆိုင်းပြိုင် တီးမလားလို့
မေးပေးပါ အချိန်မရွေး ကြိုက်တဲ့နေရာချိန်း”

အောင်လအန်ဆန်ကို စိန်ခေါ်သူ ဒီရစ်ဒါ က ပထမ အချီ စပြီး မကြာမီ မှာပဲ မြေပေါ် လှဲချ နိုင်ခဲ့ပြီး ပထမ အချီမပြီးခင်မှာတင် ချုပ်ကွက်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ သူ့ရဲ့ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ကို စွန့်လွှတ်လိုက်ရပါပြီ။

“အောင်လရဲ့ လေ့ကျင့်ဖက် Martin Nguyen လည်းရှုံးပွဲကြုံ၊ သူ့ရဲ့ ဖယ်သာဝိတ်တန် ရွှေခါးပတ်ကို စွှန့်လွှတ်လိုက်ရ”

ONE ချန်ပီယံရှစ် ဖယ်သာဝိတ် ကမ္ဘာ့ချန်ပီယံ Martin Nguyen ရဲ့ ရွှေခါးပတ်ကို တော့ စိန်ခေါ်သူ Thanh Le က လက်ရှိ ချန်ပီယံ Martin Nguyen ကို ဒိုင်ပွဲရပ်နဲ့ အနိုင်ယူပြီး လွှဲပြောင်းရယူသွားပါတယ်။

အောင်လအန်ဆန်နဲ့ စိန်ခေါ်သူ နယ်သာလန် နိုင်ငံသား ဒီရစ်ဒါတို့ရဲ့ ပွဲဟာ ပြိုင်ပွဲရဲ့ ခေါင်ပွဲ နောက်ဆုံးပွဲဖြစ်ပြီး အောင်လဟာ သူ့ရဲ့ မစ်ဒယ်ဝိတ်တန် ရွှေခါးပတ်ကို ကာကွယ်ရမှာ ရှုံနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page