ဆေးရုံတွင် သေဆုံးခဲ့သူကို ရွာပြန်သယ်၍ အသုဘလုပ်နေစဥ်အချိန်မှ ကိုဗစ်ရှိကြောင်း သိရ
ဆေးရုံတွင် သေဆုံးခဲ့သူကို ရွာပြန်သယ်၍ အသုဘလုပ်နေစဥ်အချိန်မှ ကိုဗစ်ရှိကြောင်း သိရ
လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာနေ အသက် ၉၀အရွယ် အမျိုးသားတစ်ဦးမှာ နေမကောင်း၍ ဆေးရုံတက်ကုသနေရာမှ သေဆုံးသွားသဖြင့် ကျေးရွာပြန် သယ်ထားရှိ သဂြိုလ်မည်ပြုစဉ် ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ၎င်းတက်ရောက်ကုသခဲ့သည့်ဆေးရုံမှ စက်တင်ဘာ ၂၂ ရက်နေ့တွင် ဆက်သွယ်အကြောင်းကြားရာမှ သိရပါတယ်။
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာနေ အသက် ၉၀ အရွယ်သက်ကြီးအမျိုးသား တစ်ဦးမှာ ဆီးချို သွေးတိုးရောဂါ ဖြစ်သဖြင့် စက်တင်ဘာ ၆ ရက်နေ့က မြောက်ဥက္ကလာပဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရကြောင်း သိရပါတယ်။
ဆေးရုံ၌ ဆေးကုသမှုခံယူနေရာမှ စက်တင်ဘာ ၂၀ ရက်နေ့တွင် COVID-19 ရောဂါပိုး ရှိ/မရှိ သိနိုင်ရန် ၎င်း၏ နှာခေါင်း အာခေါင်တို့ဖတ်ရယူ စစ်ဆေးနေစဉ် စက်တင်ဘာ ၂၁ ရက်နေ့၌ ဆေးရုံတွင်သေဆုံးသွားသဖြင့် ၎င်း၏မိသားစုဝင်များမှ နာရေးကူညီမှုအသင်းယာဉ်ဖြင့် ကျေးရွာသို့ ပြန်သယ်ယူကာ ရွာအပြင်ဇရပ်၌ ထားရှိခဲ့ကြောင်းလည်း သိရပါတယ်။
ထိုသို့ အလောင်းအား ရွာပြင်ဇရပ်၌ ထားရှိစဉ် စက်တင်ဘာ ၂၂ ရက်နေ့၌ မြောက်ဥက္ကလာပဆေးရုံကြီးမှ လှည်းကူးမြို့နယ်ကျန်းမာရေးဌာနသို့ သေဆုံးသူတွင် ကိုဗစ် ရောဂါပိုးတွေ့ရှိကြောင်း အကြောင်းကြားခဲ့သဖြင့် ကျေးရွာကျန်းမာရေးနှင့် အုပ်ချုပ်ရေးအဖွဲ့တို့၏ ညွှန်ကြားချက်များနှင့်အညီ ယင်းနေ့ မွန်းလွဲ(၃)နာရီခွဲ အချိန် ကျေးရွာသုဿန်၌ မီးသဂ်ဂြိုလ်ခဲ့ပါတယ်။
အဆိုပါသေဆုံးသူနှင့် ထိစပ်မိသူများအား Quarantine ထားရှိရန် မြို့နယ်ကျန်းမာရေးနှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များမှ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ညီညီ(လှိုင်သာယာ)