ကိုဗစ်ရောဂါလက္ခဏာပြင်းထန်သူများကိုသာ ဆေးရုံတင် ကုသပေးတော့မည်

ကိုဗစ် ရောဂါလက္ခဏာပြင်းထန်သည့် လူနာများကိုသာ ဆေးရုံတင် ကုသပေးတော့မည်ဖြစ်သည်။

အသင့်အတင့်လက္ခဏာရှိသော လူနာများကို အသစ်ဖွင့်ထားသော ကိုဗစ်စင်တာများတွင် ထားရှိမည်ဖြစ်ပီး အနံ့ပျောက်လူနာများကို အနံ့ပျောက်စင်တာများတွင် ထားရှိမည်ဖြစ်သည်။

လက္ခဏာပြင်းထန်သည့် လူနာများသည် ၂၀% ခန့်ရှိပီး ထိုသူများကို ဆေးရုံကြီးများနှင့် ဖောင်ကြီး၊ သုဝဏ္ဏတို့တွင် ကုသမှုပေးသွားမည်ဖြစ်သည်။ ရောဂါလက္ခဏာ အသင့်အတင့်သာ ရှိသူများကိုမူ ရိုးမ၊ အောင်မြင့်မိုရ် အစရှိသည့် နေရာများတွင် ထားရှိသွားမည်။

လူနာသစ်တွေ့ရှိမှူသည် Stay Home စတင်ပီး ၁ ပတ်ပြည့်ချိန်တွင် အမြင့်ဆုံးတက်ခဲ့သော်လည်း ၂ ပတ် ပြည့်ချိန်တွင် စတင် ကျဆင်းလာသည်ကို တွေ့ရသည်။

(Nay Thway)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page