ဆေးရုံတွေ ဘယ်လောက် ထပ်ဆောက်နေပါစေ ဒီနှစ်ချက်ကို မလိုက်နာရင် ကိုဗစ်ကို လုံးဝအနိုင်မရနိုင်

ဆေးရုံတွေ ဘယ်လောက် ထပ်ဆောက်နေပါစေ ဒီနှစ်ချက်ကို မလိုက်နာရင် ကိုဗစ်ကို လုံးဝအနိုင်မရနိုင်

ဆေးရုံ​တွေ ဘယ်​လောက်ပဲ ထပ်​ဆောက်​ဆောက် အ​ခြေခံအကျဆုံး mask တပ်တာနဲ့social distancing ကို လူများများထည့်ပီး မတင်းကျပ် မကြပ်မတ်ရင် ဆရာဝန်​တွေ volunteer ​တွေပါ လက်ပန်းကျ စိတ်ကုန်လာ​တော့မယ်။

​ခုထိမေး​စေ့​တွေ ချိတ်​ကောင်းတုန်း.. Shopping mall ​တွေမှာ အရင်လို အီ​လေးဆွဲ ​​စျေးဝယ်​နေတုန်း..(မ​နေ့ကဆို ဩချမိတယ်) ၂၀၀ ​ဒဏ်ရိုက်လို့ ၅၀၀၀ တန် ​ပေးရင်​ ဖမ်းတဲ့သူ ၄၈၀၀ ပြန်အမ်းဖို့ ခက်သွားပြီ….၁၀၀၀ တန် ၅ ​ယောက်​လောက်​ ဆက်တိုက် ပေးသွားရင်ကို အ​ကြွေ ၄၀၀၀ ဖိုး ဘယ်ကသွားရှာမလဲ..

ဂျပန်မှာ ဘယ်လို အင်္ဂလန်မှာ ဘယ်လို စင်ကာပူမှာဆို ဘယ်လို အဲ့ဒီလိုပဲ အဲဒီက စည်းကမ်းတွေလိုပဲ မြန်မာပြည်က ရုံးတွေမှာ စက်ရုံ​တွေမှာ ​စျေး​တွေမှာ စား​သောက်ဆိုင်​တွေမှာ ​အဝင်၀က​နေ ပြန်ထွက်တဲ့ထိ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်း​တွေ ထုတ်ပြန်ထားတာရှိတာပဲ… ဒီဥပ​ဒေ​တွေကို ပြည်သူလိုက်နာ​အောင် အ​ကောင်ထည်​ဖော်မှုကသာ အားနည်းတာ.

လူတ​ယောက် ​Q စဝင်တာက​နေ + resultရ ​နောက်ဆုံးဆေးရုံက​နေ ဆင်းတဲ့ထိ ​ဆေးစစ်ခက​နေ ​​နေ/စားစရိတ် သိန်းချီကုန်တာ လူတိုင်းသိ​နေကြတာပဲ.. နေထိုင်ု ပုံစံအသစ်မှာ ကုန်ကျမှု သိပ်ကိုနည်းတဲ့ social distancing နဲ့ mask တပ်တာကို တင်းကျပ် ကြပ်မတ် ထိန်း​ကျောင်းဖို့ (ဖမ်းဖို့) လူထပ်မတိုးပဲ ​ဆေးရုံ​တွေပဲ ထပ်တိုး​နေရင် တကယ်လုပ်ရတဲ့သူ​တွေ စိတ်ကုန်လာကြလိမ့်မယ်..

ပြောချင်တာက.. ​လယ်ကွက်ထဲ ဆေးရုံထပ်​ဆောက်တာထက် စည်းကမ်းတင်းကျပ်ဖို့ လူများများထပ်တိုး​ပေး /ဒဏ်​ကြေးထပ်တိုး​ပေး new normal လူမှုပုံစံသစ်နဲ့ မသွားနိုင်ရင် တတိုင်းပြည်လုံး နလန်မထူနိုင် အလုပ်ဆက်မလုပ်နိုင်ပဲ ငတ်​​တော့မှာ၊ ပြည်သူသိ​အောင် ပိုအသိပညာ​ပေး..

May Zin

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page