ကိုဗစ် လူနာအချင်းချင်း ပြုစုစောင့်ရှောက်သည့် ပုံစံ ပြောင်းလဲရန် ဆေးပညာပါမောက္ခ အကြံပြု

ကိုဗစ် လူနာအချင်းချင်း ပြုစုစောင့်ရှောက်သည့် ပုံစံ ပြောင်းလဲရန် ဆေးပညာပါမောက္ခ အကြံပြု

ရောဂါလက္ခဏာမရှိသူနှင့် သာမာန်ရောဂါလက္ခဏာ သာရှိသော ကိုဗစ်လူနာများက အခြား ကိုဗစ် လူနာများအား အချင်းချင်း ပြုစုစောင့်ရှောက်၍ စေတနာ့ဝန်ထမ်း ပုံစံ (volunteer inside the ward) ဖြင့် ဆောင်ရွက်ရန် ဆေးပညာပါမောက္ခ၊ ဌာနမှူး (ငြိမ်း) ပါမောက္ခ ဒေါက်တာဇော်လင်း အောင် အကြံပြု လိုက်ပါတယ်။

ဒီဇင်ဘာလ (၂) ရက် နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော ကိုဗစ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးနှင့် လူနာသေဆုံးမှုများ ကျဆင်းစေရေး ဆွေးနွေးပွဲတွင် အထက် ပါအတိုင်း အကြံပြုဆွေးနွေး ခဲ့ခြင်းဖြစ်ပါတယ်။

ဆေးရုံများနှင့် ကိုဗစ်ကုသရေးဌာနများတွင် ရောဂါလက္ခဏာ မရှိသူနှင့် သာမာန်ရောဂါ လက္ခဏာသာရှိသူ (mild case) များ၊ ရောဂါလက္ခဏာ အလယ်အလတ်ပြင်းထန်သူ (moderate case) များနှင့် ရောဂါပြင်းထန်သူများ (severe case) များ အားလုံး တက်ရောက်ကုသမှု ခံယူနေခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများ အလုပ်ဝန်ပိနေသည်ကိုလည်း တင်ပြခဲ့ပါတယ်။

ကိုဗစ်လူနာများအား ရောဂါအခံ ရှိ၊မရှိ၊ ခုခံအား ကျဆင်းမှု (immune deficiency ၊ suppression) ရှိ၊မရှိ၊ အသက် အရွယ်၊ လက်ရှိ ရောဂါအခြေအနေ စသည့်အချက်များကို အခြေခံကာ လူနာ၏ အန္တရာယ်ရှိနိုင်ခြေ အဆင့်ခွဲခြားခြင်း (risk stratification) ပြုလုပ်ကာ သင့်လျော်သောဆေးရုံ၊ ကုသရေးဌာနတွင် ကုသမှု ခံယူရန် (သို့မဟုတ်) သင့်လျော်သော နေရာတွင် သီးခြားထားရှိကာ ရောဂါ အခြေအနေ စောင့်ကြည့် အကဲဖြတ်၍ လိုအပ်သည့် ကုသမှုနှင့် လွှဲပြောင်းကုသမှုပြုလုပ်ရန်၊

ရောဂါ လက္ခဏာမရှိသူ၊ သာမာန်ရောဂါလက္ခဏာသာ ရှိသူနှင့် အန္တရာယ်ရှိနိုင်ခြေ နည်းပါးသူများအား သတင်း နှင့်ဆက်သွယ်ရေးနည်းပညာ (electronic information and telecommunication technology) များ အသုံးပြုကာ ဆွေးနွေးကုသမှု (telemedicine)နှင့် ဆေးဝါးပေးပို့မှု (telepharmacy) တို့ဖြင့် ဆောင်ရွက်သွားရန်စသည် အချက်များကိုလည်း အကြံပြုတင်ပြခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page