ကိုဗစ်နဲ့ ပတ်သက်လို့ ပေါ့ဆပြီး လူမပီသတဲ့ သူတွေကို မြောက်ဥက္ကလာ ဆေးရုံအုပ်ကြီး ပြောပြီ

ကိုဗစ်နဲ့ ပတ်သက်လို့ ပေါ့ဆပြီး လူမပီသတဲ့ သူတွေကို မြောက်ဥက္ကလာ ဆေးရုံအုပ်ကြီး ပြောပြီ

စည်းကမ်းရှိပါ Mask တပ်ပါ မေးမချိတ်နဲ့ Mask တပ်ပြီးရင် လူဆို လူပီသစွာ သူတစ်ပါး ဘေးမဖြစ်အောင် စွန့်ပစ်ကြပါ။

အခုတော့ ကျွန်မမတို့ဆေးရုံ သားဖွာဆောင် အပြင်ဘက် လူနာစောင့်တွေ စောင့်တဲ့ ကောရစ်တာအောက်တည့်တည့်က မန်ကျည်းပင်က Mask ပန်းပွင့်နေတာလား အဲ့ဒါကိုမြင်တော့ တော်တော့်မိတယ် ငါတို့မှာတော့ အစစ အဆင်ပြေအောင်လုပ်ပေးလိုက်ရတာ

အောက်တန်းကျတဲ့အပြုအမူပါ ကျန်းမာရေးဝန်ထမ်း တွေလည်း ဟိုအဆောင်၊ ဒီအဆောင်ကပါ သွားလို့နဲ့ ရှိတဲ့ ဝန်ထမ်းလေးတွေနဲ့ လုပ်ပေးနေကြတာ ကိုယ့်မျက်နှာပေါ်အုပ်ထားတဲ့ Mask တောင် စွန့်ပစ်တာကအစ တာဝန်မယူနိုင်ကြတော့ဘူးလား

ဆေးရုံအပြင်လေးများ မထွက်နဲ့ ထိပ်မှာ ဆိုင်ကယ်ကယ်ရီ Taxi ဆိုက္ကားသမားတွေ လမ်းဘေးစျေးသယ်တွေ Mask မေးချိတ်လို့တစ်ဖုံ Mask ချွတ်လို့တစ်သွယ် ဆေးရုံအဝင်ထိပ် ဒီလောက် အရေးပေါ်ကားဝင်ထွက်နေတာ စျေးသယ် Taxi ကားနှစ်ထပ်ရပ်ထားတယ်နော်။

MOHS page မှာ အမြဲ နံပါတ်စဥ် ၁၊ ၂၊ ၃ အောက်မဆင်းကြဘူး ကိုယ့်မြို့နယ်အတွက်လည်း ကိုယ့်တစ်ကိုယ်စာတာဝန်ယူကြပါအုံး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page