မြန်မာ့ကိုဗစ်အဆုံးသတ်တိုက်ပွဲမှာ အထူးကုဆရာဝန်တွေက ဆေးမကုရဘဲ စာရင်းမှတ်နေရတဲ့ အဖြစ်

မြန်မာ့ကိုဗစ်အဆုံးသတ်တိုက်ပွဲမှာ အထူးကုဆရာဝန်တွေက ဆေးမကုရဘဲ စာရင်းမှတ်နေရတဲ့ အဖြစ်

ကောင်းလိုက်တဲ့ ကိုဗစ် မြန်မာ့ MX System၊ MBBS MSC MRCP ယူခဲ့မိတယ် လူနာများ ကုလို့ရနိင်မလားပေါ့လေ skills မရှိမှန်း ခုမှသိ

MB တန်း AS နစ်နစ် MSC သုံးနစ် တက်ခဲ့တယ် ကိုဗစ်လိုကပ်ရောဂါနဲ့ မြန်မာ့ အရေးတော်ပုံ စီမံခန့်ခွဲမှာမှာ ကျတော်တို့ သမားများဟာ Ph နဲ့ စာရေးစာချီ Data စု/တု/ပြု/တိုက်/ဖြည့်ပီးတော့ ကုတင်နေရာ ပြန်လည်ချထားရေးနဲ့ ကုမယ့်နေရာ ရွေ့ပြောင်းရေးကို အရပ်တကာလည်ကာ ဆပ်ပြာသယ် လင်ပျောက်ပီး ကလားတန်းကျားကိုက်သလို ပဠာစာရီမြေလူးပစ်၍ သင်္ခါရသဘော မလွန်ဆန်နိင်သော ကုသနေရာ Center လုပွဲကို အချိန် အင်အားအပြည့်ဖြင့် လုပ်နေရသောအခါ

ဟာ တို့တွေ သမားတော်လား Operator လားလဲ မသဲကွဲတော့ ဟ သင်ခဲ့သမျှ ပညာကလဲ တစ်လုံးမှ သုံးစားမရပါလား၊ ဖျားနာတာ တွေ များလို့ တစ်ရက်တစ်ရက် ဘယ်လို လုပ်မလဲ ဘယ်လိုမှမတတ်နိင်အောင်ရှိနေချိန် ဘယ်လိုလေး သက်သာအောင်(ရှင်ဖို့ဝေးဆွ) လုပ်ရမလဲ ခိုင်းသူများက မိုးလုံးလေလုံး လှိုင်းကြီးပေမယ့် တို့တပ်သားတွေခင်မျာ ငတ်တလှည့်ပြတ်တလှည့်နဲ့ ရှေ့ဆက်နေရတာ (Logistic supply အစုတ်နဲ့ လူတစ်သန်းကို လူတစ်ရာ ခံတိုက်ရတဲ့ တိုက်ပွဲလိုပဲ)

ဗော်လန်တီယာ ကူချင်ရင်လာခဲ့ကြပါ ဆရာဝန် ဖစ်စရာ မလိုပါ Data ကို ဘယ်လို PHနဲ့ Photo ရိုက် PDF ပြောင်း Viber ကနေပို့တာ လုပ်တတ်ရင်ရပါတယ် Positive သမား Negative သမား ခွဲထုတ်ပီး လူတယောက်ချင်းဆီ ဖုန်းဆက်ပီး အဖြေပြောပေးဖို့ နစ်သိမ့်ပေးဖို့ သက်ဆိုင်ရာ ဖုန်းဆက်ပေးဖို့

ကိုဗစ်လူနာ/သံသယ လူနာတွေ ရဲ့ စိတ်ပူလို့ သိချင်လို့ လူမှုအခက်အခဲ စီးပွါးရေးအခက်အခဲ မိသားစု အခက်အခဲ စားစရာအဆင်မပြေ နေစရာ အခက်အခဲ အစရှိသဖြင့် ဘလာ ဘလာ ဘလာ အရေးပေ်ဆေးကုသ ဖို့မလိုတဲ့ ပြသာနာတွေ ရှင်းပေးနိင်ရင် ရပါပီ

နောက်Center လွှဲပေးဖို့ပါပဲ ဆရာဝန်ကတော့ လွှဲခါနီး လိုအပ်တာ ဘေးကနေ ကူညီမှာပါ။ ဆိုးရွားတဲ့လူနာတွေ များတဲ့အထဲ မဆိုးရွားတဲ့ လူနာဘက်က ပြသနာနဲ့ paper work တွေကို ကူညီတဲ့သူတွေကို မဝံ့မရဲ မျော်လင့်မိတယ် ကျတော် သမားပညာ ဟာ ဖုန်းလာမှာ ကြောက်နေမိတာပါ ကျတော် ပညာသင်ယူတာ မှားသွားပါပီ

Kenshi Kaung Myat

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page