အောက်စဖို့တက္ကသိုလ်မှ ကိုဗစ်ကာကွယ်ဆေး နောက်ဆုံးအဆင့် အောင်မြင်ပြီ၊ အမေရိကန်မှ ဝယ်ရန် စရံချ
အောက်စဖို့တက္ကသိုလ်မှ ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး နောက်ဆုံးအဆင့် အောင်မြင်သွားပြီ၊ အမေရိကန်မှ ဒေါ်လာ 1.2 ဘီလီယံဖိုးဝယ်ရန် စရံချ…
အမေရိကန်နိုင်ငံက အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်မှ ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးအတွက် အမေရိကန်ဒေါ်လာ 1.2 ဘီလီယံဒေါ်လာဖိုး စရံချထားပြီးပါပြီ။ EU က ဆေးအလုံးရေ သန်း ၄၀၀ ဝယ်ယူဖို့ စာရင်းပေးထားပါတယ်။
ဆေးက အောင်မြင်ပါတယ်။ ဆေး အစမ်းထိုးခံထားတဲ့ လူနာတွေဆီက အပြစ်အနာအဆာ မရှိထွက်လာမဲ့ ရလာဒ်ကို လချီ စောင့်နေတာပဲ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ စထွက်မယ် မှန်းထားပါတယ်။ ဒီ အောက်စဖို့ကထုတ်တဲ့ ကာကွယ်ဆေးဟာ မြန်မြန်ဆန်ဆန်ထုတ်နိုင်ဖို့ ဥရောပနိုင်ငံတွေအပြင် အိန္ဒိယနိုင်ငံကစက်ရုံတွေမှာပါ ခွဲထုတ်လုပ်မယ်လို့ ဆိုပါတယ်။ လက်ရှိကို အလုံးရေသန်းချီ ထုတ်နေပြီ ဖြစ်ပါတယ်။
သူဌေးနိုင်ငံတွေက ဘိုကင်တွေတန်းစီထားတော့ ဆင်းရဲတဲ့နိုင်ငံတွေ ဘေလ်ဂိတ် အလကားဝေတာ စောင့်ရမယ်ထင်တယ်။
မြန်မာကတော့ ၂၀၂၁ အကုန်မှဘဲ ရမယ် ထင်ပါရဲ့။ (Kyaw Swa Min)