စောင့်ကြည့်လူနာ များလွန်းသောကြောင့် ဆေးရုံကြီးများ အခက်အခဲဖြစ်နေ၊ အိမ်တွင်ထားရန် ညှိနှိုင်းလျက်ရှိ

စောင့်ကြည့်လူနာ များလွန်းသောကြောင့် ဆေးရုံကြီးများ အခက်အခဲဖြစ်နေ၊ အိမ်တွင်ထားရန် ညှိနှိုင်းလျက်ရှိ

ရန်ကုန်မြို့ရှိ ဆေးရုံကြီးများသို့ လာရောက်ပြသသူများတွင် စောင့်ကြည့်လူနာများနေသည့်အတွက် ၎င်းတို့ကို လက်ခံထားရှိရန် အခက်အခဲဖြစ်နေဆဲဖြစ်ကြောင်း လူနာများ နေရာချထားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပါမောက္ခဒေါက်တာမော်မော်ဦးက ပြောကြားလိုက်ပါတယ်။

လက်ရှိ ရန်ကုန်ဆေးရုံကြီးဆိုလျှင် PUI ခေါ် စောင့်ကြည့်လူ နာ ၁၆၀ ကျော်အထိ သီးခြားခွဲထားနိုင်ရန် ပြင်ဆင်ထားသော်လည်းဆေးရုံသို့ ရောက်ရှိလာသူမှာလူနာ ၂၀၀ ကျော်ရှိနေကြောင်း ၎င်းက ရှင်းပြပါတယ်။

အဆိုပါစောင့်ကြည့်လူနာ များအား နေရာအခက်အခဲ ကြောင့် ပြွတ်သိပ်ထားရှိရပါက အချင်းချင်း ကိုဗစ် ရောဂါကူးစက်နိုင်ခြေရှိသဖြင့် ကုသရေးစင်တာများတိုးချဲ့၍ ပြောင်းရွှေ့ထား ရှိရန် စီစဉ်နေကြောင်း ၎င်းက ရှင်းပြပါတယ်။

“လောလောဆယ် မြောက် ဥက္ကလာပဆေးရုံကြီးဆိုရင်လည်း သူ့တို့လက်ခံထားနိုင်တာက ၁၅၀ လောက်ရှိတယ်။ ဒါပေမဲ့ လာပြ တဲ့လူနာအရေအတွက်က လက်ခံနိုင်တာထက် ပိုများနေတယ်’’ဟု ပါမောက္ခဒေါက်တာမော်မော်ဦး က ဆိုပါတယ်။

လှိုင်သာယာပြည်သူ့ဆေးရုံ ကြီးဆိုလျှင်လည်း အောက်တိုဘာ ၂ ရက် ညနေပိုင်းအထိ ဓာတ်ခွဲ အတည်ပြုလူနာ ၁၃ ဦး၊ စောင့် ကြည့်လူနာ ၅၇ ဦးအပြင် ကိုဗစ်ရောဂါမဟုတ်သော အတွင်းလူ နာ ၂၄၀ ကျော်အထိ လက်ခံကုသပေးနေရကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာခင်ရူပါစိုးက ရှင်းပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ရောဂါကုသ ရေးစင်တာများ တိုးချဲ့လျက်ရှိရာတွင် ကုသရေးဌာန (သုဝဏ္ဏ) တွင် ခုတင် ၃၀၀ ကျော်၊ ကုသရေးဌာန(ရိုးမရိပ်သာ)တွင် ခုတင် ၅၀၀ ခန့်နှင့် ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC)တွင် ခုတင် ၅၀၀ ခန့် ထပ်မံပြင်ဆင်လျက်ရှိကြောင်း တိုင်း ဒေသကြီး ကိုဗစ်အရေးပေါ်တုံ့ပြန် ရေးကော်မတီ တာဝန်ရှိသူများက ပြောကြားထားပါတယ်။

တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ကုသရေး အကြံပေးပညာ ရှင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပါမောက္ခချုပ် (ငြိမ်း)ဒေါက်တာ စိုးလွင်ငြိမ်းက ‘‘ဆေးရုံကြီးတွေမှာ ရှိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနိုင်ဖို့ စောင့်ကြည့်လူနာ တွေကို သက်ဆိုင်ရာရပ်ကွက်နဲ့ မြို့နယ်အလိုက် လူထုအခြေပြု အသွားအလာကန့်သတ်ရေးစင် တာတွေမှာထားရှိနိုင်ဖို့ အကြံပြုထားပါတယ်။ မြေပြင်မှာ လက်တွေ့လုပ်ဆောင်နေတာတွေရှိနေ ပြီဖြစ်သလို တချို့နေရာတွေ လည်း ပြင်ဆင်နေဆဲဖြစ်ပါတယ်။ အားလုံးပြင်ဆင်ထည့်သွင်းထား နိုင်ပြီဆိုရင် ဆေးရုံကြီးတွေရဲ့ ဝန်ထုပ်ကို လျှော့ချနိုင်မှာလည်း ဖြစ် ပါတယ်’’ဟု ပြောပါတယ်။

ထို့အပြင် ပိုးတွေ့လူနာများ ပြီး ထိတွေ့မှုရှိသူလည်း များပြား သဖြင့် စင်တာများ၌ ထားရှိရန် နေရာအခက်အခဲရှိလာနိုင်သော ကြောင့် စောင့်ကြည့်လူနာများ၏ ရောဂါလက္ခဏာအပေါ် မူတည် ပြီး ဆေးရုံပို့သူ၊ စင်တာ၌ထားရှိ သူ၊ နေအိမ်၌သာ နေထိုင်စေသူ စသဖြင့် အမျိုးအစားခွဲကာစီစဉ် ထားရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက် လျက်ရှိဟု ၎င်းက ဆိုပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ ညနေပိုင်းအထိ စာရင်းများအရ ရန်ကုန် တိုင်းဒေသကြီးတွင် PUI လူနာ ၉,၀၀၀ ကျော်ရှိပြီး သြဂုတ် ၁၆ မှ အောက်တိုဘာ ၁ ရက် ညအထိပိုးတွေ့လူနာ ၉,၇၀၀ ကျော်ရှိ ကြောင်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page