ပဲခူးမြို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေတောင် မသိတဲ့ စက်မှုဇုန်တခု ထူးဆန်းစွာ ထွက်ပေါ်လာ

ပဲခူးမြို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေတောင် မသိတဲ့ စက်မှုဇုန်တခု ထူးဆန်းစွာ ထွက်ပေါ်လာ

ပဲခူးမြို့အထွက် ကလိကျေးရွာအပိုင်တွင် ပြည်တော်သာ စက်မှုဇုန်နာမည်ပေးထားသည့် စက်မှုဇုန်အသစ်‌တစ်ခုပေါ်ထွက်နေပြီး စက်မှုဇုန်အသစ်တည်ဆောက်ထားခြင်းနှင့်ပတ်သက်ပြီး မသိရှိဟု ပဲခူးမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဒေါ်ရွှေပုံကပြောကြားပါတယ်။

ယင်းစက်မှုဇုန်ကို ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနှ င့်နီးစပ်သူဟု သတင်းများထွက်ပေါ်ခံနေရသည့် ဦးတင်မောင်နိုင်ဆိုသူမှ တည်ထောင်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုပါတယ်။ ယခုကဲ့သို့ စက်မှုဇုန် အသစ်တည်ဆောက်ထားခြင်းကို ပဲခူးတိုင်းလွှတ်တော်သို့ တင်ပြထားခြင်းမရှိဟု တိုင်းလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရပါတယ်။

လွှတ်တော်မှာတင်တဲ့ ကိုတင်မောင်နိုင် အကောင်အထည်ဖော်တဲ့ စက်မှုဇုန်နဲ့ ပတ်သက်ပြီး ၁၀ ရက်အတွင်း စာနဲ့ အကြောင်းပြန်မယ်ဆိုပြီး လွှတ်တော်မှာကတိပေးခဲ့တယ်။ အခုထိ လွှတ်တော်ကို ဂရိုက်မစိုက်ဘူးဆိုတဲ့ သဘောနဲ့ အကြောင်းမပြန်ဘူးဟု ပဲခူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန်ရွှေက ဆိုပါတယ်။

လွှတ်တော်က ရပ်သွားတာ မဟုတ်ဘူး နောက်တကြိမ်ခေါ်ဦးမှာ လို့အပ်ရင် အဲဒီမှာအစိုးရကို အယုံအကြည်မရှိ အဆိုတင်းသွင်းရလိမ့်မယ်ဟု ပဲခူးမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက သုံးသပ်ပြောကြားပါတယ်။

ယခုတည်ဆောက်နေသည့် စက်မှုဇုန်ကို တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် ဖော်ဆောင် နေခြင်းဖြစ်သည်ဟု ဦးတင်မောင်နိုင်က‌ မီဒီယာများသို့ ပြောကြားထားသော်လည်း ယင်းစက်မှုဇုန်တည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး မိမိမသိရှိဟု ပဲခူးတိုင်း စက်မှုဇုန်တည်ဆောက်ရေး ဥက္ကဌ လျှပ်စစ်ဝန်ကြီး ဦးသန်းဝင်းက ပဲခူးတိုင်းလွှတ်တော်တွင်ပြောကြားပါတယ်။

ပြည်တော်သာ စက်မှုဇုန် တည်ဆောက်နေသည့် လယ်မြေများသည် လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် မရရှိ‌‌ထားသော လယ်မြေများလည်း ပါဝင်နေပါတယ်။ ဦးတင်မောင်နိုင်သည် ယခုရက်ပိုင်း ယင်းလယ်မြေများတွင် လမ်းခင်းခြင်းလုပ်ငန်းများ ပြုလုပ်နေသည်ကို တွေ့ရှိရပါတယ်။

အသစ်ဖေါက်နေတဲ့ မြို့ရှောင်လမ်းက အခြားကားတွေ ဖြတ်ခွင့်မပြုထားဘူး စက်မှုဇုန်လမ်းလုပ်တဲ့ လုပ်ငန်းသုံးကားတွေပဲ ဖြတ်နေတယ်ဟု ဒေသခံများက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page