ကျောင်းများ ပုံမှန် မဖွင့်နိုင်ပါက စာမေးပွဲများ ကျင်းပရန် လုံးဝ မဖြစ်နိုင်ဟု ပညာရေးတာဝန်ရှိသူများပြော

ကျောင်းများ ပုံမှန် မဖွင့်နိုင်ပါက စာမေးပွဲများ ကျင်းပရန် လုံးဝ မဖြစ်နိုင်ဟု ပညာရေးတာဝန်ရှိသူများပြော

အခြေခံပညာကျောင်းများကို ပုံမှန်အတိုင်းမဖွင့်လှစ်နိုင် ပါက စာမေးပွဲကျင်းပရန် မဖြစ် နိုင်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြော သည်။

အခြေခံပညာအတန်းများအနက် အထက်တန်းအဆင့် အတန်းများကို ဇူလိုင် ၂၁ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး သြဂုတ် ၂၇ ရက်မှစကာ တစ်နိုင်ငံလုံးရှိ ဖွင့်လှစ်ထားသည့် ကျောင်းအားလုံး ကိုပြန်ပိတ်ရန် ကိုဗစ် ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအမျိုး သားအဆင့် ဗဟိုကော်မတီက ညွှန်ကြားခဲ့သည်။

ကျောင်းစဖွင့်ပြီး တစ်လကျော်အကြာတွင် ပြန်ပိတ်ခဲ့ခြင်း ဖြစ်ပြီး ပညာသင်နှစ်တစ်ဝက် ရောက်သည်အထိ ကျောင်းပြန် ဖွင့်နိုင်ခြင်းမရှိသေးပေ။ အထက်တန်းအဆင့် အတန်းနှစ်တန်းကို တစ်လကျော် ကျောင်းဖွင့်ခဲ့သော်လည်း ကျန်အ တန်းများကို ယခုပညာသင်နှစ် တွင် လုံးဝမဖွင့်လှစ်နိုင်သေးပေ။

“သင်ကြားမှု လုံလုံလောက် လောက်ရှိမှပဲ စာမေးပွဲဆိုတာလုပ် လို့ရမှာပေါ့။ စာမေးပွဲဖြေဖို့ လုံ လောက်တဲ့ သင်ကြားသင်ယူမှုရှိမှ ရမှာ။ ကျောင်းဖွင့်ဖို့က ပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်လို့မရဘူး။ ကိုဗစ်ဗဟိုကော်မတီ ဆုံးဖြတ် ချက်အရပဲသွားရမှာ။ ရောဂါ ထိန်းချုပ်နိုင်တယ်ဆိုရင်တောင် ကျောင်းတွေ ချက်ချင်းပြန်ဖွင့်ဖို့ မဖြစ်နိုင်ဘူး။ ကျောင်းပုံမှန်မဖွင့်နိုင်ရင် စာပုံမှန်မသင်နိုင်ဘူး။ စာသင် ထားတာမရှိဘဲနဲ့ စာမေးပွဲစစ်ဖို့ ကတော့မဖြစ်နိုင်ဘူး’’ဟု ဒေါက် တာတင်မောင်ဝင်းကပြောသည်။

ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ပြန်ဖွင့်ခြင်း၊ မဖွင့်ခြင်းကို ကိုဗစ် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုထိန်း ချုပ်နိုင်ခြင်းအပေါ် မူတည်ဆုံး ဖြတ်မည်ဟု အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောသည်။

“ကျောင်းပြန်ဖွင့်ဖို့က စောင့်ကြည့်ရမယ့် အနေအထားရှိ တယ်။ လက်ရှိအနေအထားအရ အခြေအနေ တအားဆိုးနေတဲ့ ဒေသတွေရှိနေတယ်။ ကူးစက်မှု ထိန်းချုပ်ရတာ ခက်ခဲနေတဲ့နေရာ တွေရှိတယ်။ အဲဒါတွေကို စောင့်ကြည့်ရဦးမယ်။ အခြေအနေဘယ် လို ရှိတယ်ဆိုတာစောင့်ကြည့်၊ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်စရာ ရှိတာတွေကို Policy Maker တွေနဲ့ တိုင်ပင်ပြီးမှ၊ ကျောင်းတွေပြန်ဖွင့်ခြင်း၊ မဖွင့်ခြင်းကရောဂါကို ထိန်းချုပ်နိုင်တဲ့အပေါ်မှာပဲ မူတည်ပါတယ်’’ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကဆိုသည်။

အာဆီယံဒေသတွင်း၌ ကိုဗစ်ကပ်ရောဂါ အန္တရာယ်ကြောင့် ကျောင်းလုံးဝမ ဖွင့်ဘဲ အွန်လိုင်းမှသင်ကြားသည့် ဖိလစ်ပိုင်နိုင်ငံကဲ့သို့ နိုင်ငံများရှိသ ကဲ့သို့ လက်ရှိအချိန်ထိ ရောဂါကူး စက်မှုကို ထိန်းချုပ်ကာကျောင်း ဖွင့်နေသည့် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများ လည်းရှိနေပြီး မြန်မာနိုင်ငံတွင် သာ ကျောင်းဖွင့်ပြီးမှပြန်ပိတ်ထား ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အခြေခံပညာကျောင်းများ ပြန်ဖွင့်မည့်ရက်ကို ကြေညာခြင်း မရှိသေးသကဲ့သို့ ပုံမှန်မတ်လဆန်းတွင်ကျင်းပနေကျ တက္ကသိုလ်ဝင်စာမေးပွဲကို ရွှေ့ဆိုင်းမည်လား၊ ကျင်းပမည်လားဟူသည်ကိုလည်း ကြေညာခြင်းမရှိ သေးပေ။

ကျောင်းပြန်ဖွင့်သည့်တိုင် စာသင်ချိန် နည်းလွန်းသည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ပုံမှန်အတိုင်း မတ်လတွင် ကျင်းပနိုင်လိမ့်မည်မဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက် ပြုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page