ဆန်စျေး တောက်လျှောက် ထိုးတက်နေရတဲ့ အကြောင်းအရင်း နောက်ကွယ်က အခြေအနေအမှန်
ဆန်စျေး တောက်လျှောက်ထိုးတက်နေရတဲ့အကြောင်း ဆန်လောကသားတစ်ဦးရေးထားတဲ့ မြေပြင်အခြေအနေမှန်လေး အားလုံးသိရအောင် ထပ်ဆင့်တင်ပြပေးတာပါ။
“စျေးကွက်ကစားသူများ”
ဝါတန်းကုန်စည်ဒိုင်မှာ ဆန်စျေးတွေအဆမတန် တက်နေတာစဥ်းစားစရာဖြစ်နေပါပြီ.. ရွှေဘိုဆန်ပွဲစားကြီးတွေက စစ်ရေးအကြောင်းပြ ဆန်စျေးကို အဆမတန်တင်ရောင်းတာကနေ စစ်ပွဲမရှိတဲ့ ဧရာဝတီဆန်တွေနောက်ကလိုက်တက်ရာကနေ ဒိုင်ပွဲစားကြီးတွေက လာဘ်မြင်ကာ ကြိတ်သမျှဆန်တွေကို စျေးဖြတ်ဝယ်အပြီး ဒီကနေ့စျေး တစ်အိတ် ၅၀၀၀ လောက်စျေးတင်ရောင်းကြတာပါ..
ဒိုင်ဟာ စျေးကွက်ထိန်းသိမ်းရမယ့်အစား ပြည်တွင်းပေါ်ဆန်းစျေးကွက်ကစားရာ နေရာတစ်ခုဖြစ်သွားပါပြီ.. ဓာတ်ဆီစျေး ဒီဇယ် ဓာတ်မြေသြဇာ သွင်းအားစုတွေ တက်တယ်ဆိုတာမှန်ပေမယ့် လက်ရှိခေါ်နေတဲ့ မတန်မရာစျေးတွေဟာ အောက်ခြေလက်လုပ်လက်စားဘဝတွေကို နင်းခြေနေသလိုပဲလို့ပဲယူဆပါတယ်..
ဥပမာ – မော်ကျွန်းပွဲစား ဘိုကလေးဆန်ပွဲစား ဒေးဒရဲပွဲစားကြီးတွေက ပါသမျှဆန်တွေကို စျေးဖြတ်ပြီးဝယ် ဂိုတောင်ထဲလှောင် တနင်္လာနေ့ရောက်ရင် ဆန်တစ်အိတ် ၃၀၀၀ ကနေ ၅၀၀၀ အထိ တင်ရောင်းကြတဲ့သဘောပါ ပွဲစားကကုန်သည်အလုပ်ကိုလုပ်တဲ့သဘော သကြန်မတိုင်ခင်ကတည်းကစက်တွေကြိတ်တဲ့ ဆန်ယော နဝလီကြိတ်တဲ့ဆန်တွေပါ စျေးဖြတ်ဝယ် ငွေကို cash ပေးပြီး စျေးတင်ရောင်းကြတဲ့လုပ်ငန်းဟာအခုဆို ဝါးတန်းမှာရိုးအီနေပါပြီ..
ဖျာပုံ ၈၉ ကနေ ၉၃ ဒေးဒရဲ ဆန်ထုတ်ပျောက် ၈၉ ၉၀ ကျိုက်လတ်လှိုင်း ဆန်းအနည်းငယ်ပါ ကွမ်းခြံကုန်း ကျားပျံ ၈၉ ဘိုကလေးလှိုင်းစက်ပိုင် ပွဲစားများ ဆန်ထုတ်ဖျောက်ထား မော်ကျွန်း ၈၆ လပွတ္တာ ၈၇ မြောင်းမြ ၉၀ အညာသား ၆၅ ဝါးခယ်မလှိုင်းစျေးအနည်းငယ်သက်သာ ဒီတစ်ပါတ်ဆန်တစ်အိတ် ၅၀၀၀ တက်ပါတယ်..
စားသုံးသူကာကွယ်ရေးမရှိပါဘူး စားသုံးသူစျေးကြီးပေးရအောင်လုပ်တဲ့သူသာရှိပါတယ်.. နိုင်ငံရေးမတည်ငြိမ်မှုဟာ စျေးကစားသူလက်ထဲ ပြားပြားဝတ်သွားပြီ.. ရေကြီးစျေး အာဏာသိမ်းတုန်းကစျေးတက်တာထက် အများကြီး ပိုပါတယ်။
(Shwe Ba)