သင်္ဃန်းကျွန်းဆေးရုံမှ ပိုးတွေ့လူနာအမျိုးသမီး ထွက်ပြေး၊ ငှားစီးခဲ့တဲ့ တက္ကစီယာဥ်မောင်း အမြန်ဆက်သွယ်ပါ

သင်္ဃန်းကျွန်းဆေးရုံမှ ပိုးတွေ့လူနာအမျိုးသမီး ထွက်ပြေး၊ ငှားစီးခဲ့တဲ့ တက္ကစီယာဥ်မောင်း အမြန်ဆက်သွယ်ပါ

သင်္ဃန်းကျွန်း(စံပြ) ဆေးရုံမှ ကိုဗစ်အတည်ပြုလူနာအမျိုးသမီးတစ်ဦး ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးအောင် ထိုက်က ပြောပါတယ်။ အောက်တိုဘာ ၅ ရက် ညနေက အဆိုပါအမျိုးသမီးကို ကိုဗစ် ရောဂါရှိကြောင်း အသိပေးပြီးနောက် ၎င်းနေထိုင်ရာမြို့နယ် မင်္ဂလာတောင်ညွန့်သို့ ဆေးရုံအနီးရှိ တက္ကစီကို ငှားရမ်း ကာ ထွက်ပြေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးခဲ့သည့် လူနာ သည် အသက်(၂၃)နှစ်အရွယ်ဖြစ် ပြီး မလွှကုန်းမီးရထားရပ်ကွက် နေထိုင်သူဖြစ်ပြီး ဆေးရုံမှ ထွက် ပြေးသွားကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံရှာဖွေ ခဲ့ရာ အောက်တိုဘာ ၅ ရက် ည ၉ နာရီဝန်းကျင်တွင် ရန်ကုန်ဘူတာကြီး ရှေ့တွင် တွေ့ရှိပြီးနောက် စံပြဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ဆိုပါတယ်။

“အခုက သူနဲ့ ထိတွေ့ခဲ့တာ တက္ကစီယာဉ်မောင်းတစ်ယောက်ပဲ။ သူကလည်း ယာဉ်နံပါတ်မမှတ်မိ အမျိုးအစားမသိဘူး။ ဒီအတွက် မနေ့က (အောက်တို ဘာ ၅ ရက်) က စံပြဆေးရုံမှာ ညနေ ၆ နာရီလောက် အမျိုးသမီး တစ်ဦးကို တင်ဆောင်ခဲ့တဲ့ ယာဉ် မောင်းအနေနဲ့ အမြန်ဆုံးဆက်သွယ်ပေးပါလို့ မေတ္တာရပ်ခံပါ တယ်’’ဟု ၄င်းကတိုက်တွန်းလိုက်ပါတယ်။

သင်္ဃန်းကျွန်း (စံပြ)ဆေးရုံမှ ကိုဗစ် အတည်ပြုလူနာ ထွက်ပြေးမှုသည် ယခုဖြစ်စဉ် အပါအဝင် နှစ်ကြိမ်တိုင်ရှိပြီဖြစ်ပါတယ်။

စက်တင်ဘာ ၁၈ ရက်က လည်း တာမွေမြို့နယ်မှ အသက် (၂၅)နှစ်အရွယ် အမျိုးသမီးမှာ သင်္ဃန်းကျွန်းဆေးရုံမှ ဖောင်ကြီးကုသရေးဆေးရုံသို့ လွှဲပြောင်းရန်ပြုလုပ်စဉ် ထွက်ပြေးမှုဖြစ်ပွားခဲ့သော်လည်း ထွက်ပြေးသည့် ရက် ည ၇ နာရီ၌ပင် (၉) မိုင် အိုးရှင်းရှေ့တွင် အမျိုးသမီးတစ်ဦး ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံသို့ အ ကြောင်းကြားခဲ့ရာမှတစ်ဆင့် ဆေးရုံကို ပြန်လည်ပို့ဆောင်ပေးခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page