ကိုဗစ်တိုက်ပွဲအတွက် ဒီလိုအလှူရှင်မျိုး များများ လိုအပ်ပါတယ် (ဆန်အိတ် ၅၀၀ တောင် လှူတာတဲ့)
ကိုဗစ်တိုက်ပွဲအတွက် ဒီလိုအလှူရှင်မျိုး များများ လိုအပ်ပါတယ် (ဆန်အိတ် ၅၀၀ တောင် လှူတာတဲ့)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ မီးခွက်ဈေးရှိ မကြီး “စိန်၊ ရွှေ၊ ရတနာ” ဆိုင် မိသားစုမှ ၎င်းတို့ထံ အဆောင်ငှားရမ်း နေထိုင်သူများကို အဆောင်ငှားရမ်းခ လစာ မယူသည့်အပြင် ၎င်းတို့ စားဝတ်နေရေးအတွက် ထောက်ပံ့မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအတူ လှိုင်သာယာမြို့နယ်ရှိ စားဝတ်နေရေးခက်ခဲသော မိသားစုဝင်များထံသို့လည်း ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥ စသည့် ပစ္စည်းများ ထောက်ပံ့မှု ပြုလုပ်ပေးကြောင်း သိရသည်။
၎င်းတို့ မကြီး “စိန်၊ ရွှေ၊ ရတနာ”ဆိုင် မိသားစုမှ ပထမ ကိုဗစ်လှိုင်း စတင်ဖြစ်ပွားချိန်တွင် လှိုင်သာယာမြို့နယ်ရှိ ဆင်းရဲသားများအပါအဝင် နေရာတချို့တို့၌ ဆန်အိတ် ၅၀၀ အိတ်ခန့်၊ ပဲ၊ ကြက်ဥ၊ ဆီ၊ ဆား၊ ခြောက်ဆွဲထုတ် စသည့်ပစ္စည်းများ လှူဒါန်းမှု ပြုလုပ်ခဲ့သည်။
မြင့်အောင်(လှိုင်သာယာ)