စမ်းချောင်း ရွှေနှင်းဆီလမ်းရှိ တအိမ်ထဲ နေထိုင်သူ ၁၃ ဦးလုံးတွင် ပိုးတွေ့ရှိ (အထူးဂရုစိုက်ကြပါ)

စမ်းချောင်း ရွှေနှင်းဆီလမ်းရှိ တအိမ်ထဲ နေထိုင်သူ ၁၃ ဦးလုံးတွင် ပိုးတွေ့ရှိ (အထူးဂရုစိုက်ကြပါ)

စက်တင်ဘာ (၂၈) နေ့ တွင် ဟံသာဝတီလမ်းရှိ အ.ထ.က(၁)စမ်းချောင်းတွင်ဖွင့်လှစ်ထားသော Community Based Facility Quarantine Centre ရှိ စောင့်ကြပ်ကြည့်ရှုခံ (၃၄) ဦးအား နှာခေါင်းနှင့် လည်ချောင်းတို့ဖတ်များယူ၍ (Swab Test) စစ်ဆေးခဲ့ပါသည်။ ထွက်ရှိသည့်အဖြေမှာ (SarsCoV2) ပိုးရှိသူ (၂၈) ဦး ဖြစ်ပါသည်။

၎င်းတို့မှာ…. (၁) မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက် ရွှေနှင်းဆီလမ်းအမှတ်(၈) (မြေညီ) မှ (၁၃)ဦး၊ မိုးမခလမ်း အမှတ်(၂၆)ပထမထပ် (ဘီ)နေ နှစ်ဦး၊ ပြည်သူ့ကွက်သစ် (၁) လမ်း အမှတ် အမှတ် ၃၁/၄ နေသူတစ်ဦး၊ (၂) သံတံတားရပ်ကွက် ဓမ္မိကဝတီလမ်း အမှတ် (၆) (မြေညီ)မှတစ်ဦး၊ ဇေယျဝတီလမ်း အမှတ် ၄၆/၄၈(၇/ဘီ) နေသူနှစ်ဦး၊

(၃) မြေနီကုန်းမြောက်ရပ်ကွက် ဓမ္မာရုံလမ်းအမှတ် (၆၃) မှ တစ်ဦး၊ ရန်ကင်းလမ်း အမှတ် (၃၇)(၇/အေ)နေသူတစ်ဦး၊ (၄)ဟုမ်းလမ်းဘူတာရပ်ကွက် (၄) လမ်း အမှတ် (၁၅၇) နေသူတစ်ဦး၊ အမှတ် (၁၄၉) နေသူနှစ်ဦး၊

(၅) ကျွန်းတောတောင်ရပ်ကွက် အောင်သပြေလမ်း မဟာမြိုင်ရဲဝင်း လိုင်း(၅) အခန်း(၂)နေသူ တစ်ဦး၊ (၆) လင်းလွန်းမြောက်ရပ်ကွက် ဇလွန်လမ်း အမှတ် (၁၇) နေသူတစ်ဦး၊ (၇) ဝေဠုဝန်မြောက်ရပ်ကွက် ဝေဠုဝန်အိမ်ရာ ကားဂိုဒေါင်ဘေး နေသူနှစ်ဦး တို့ဖြစ်ကြပါသည်။

U Bo Bo Oo – ဘိုဘိုဦး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page