ကိုဗစ်ကာကွယ်ဆေးကို စင်ကာပူဝန်ကြီးချုပ်ကိုယ်တိုင် ရှေ့ဆုံးက အထိုးခံပြမည် (၂၀၂၁ မှာ တနိုင်ငံလုံး အပြီးထိုးပေးမည်)

ကိုဗစ်ကာကွယ်ဆေးကို စင်ကာပူဝန်ကြီးချုပ်ကိုယ်တိုင် ရှေ့ဆုံးက အထိုးခံပြမည် (၂၀၂၁ မှာ တနိုင်ငံလုံး အပြီးထိုးပေးမည်)

စင်ကာပူရဲ့ ကိုဗစ် ကာကွယ်ဆေးနဲ့ တားမြစ်ကန့်သတ်ချက်များ ဖြေလျှော့တော့မည့် အစီအစဥ်ကို ဝန်ကြီးချုပ်လီရှိန်လွန်းမှ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ပြည်သူလူထုသို့ ရုပ်မြင်သံကြားမှတဆင့် အသိပေးပြောကြားခဲ့ပါတယ်။ Phase 3 ကို နောက်နှစ်ပတ်အကြာ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင် ဖွင့်လှစ်မှာဖြစ်ပြီး လူ ၈ ဦးအထိ စုဝေးနိုင်ပါလိမ့်မယ်။

စင်ကာပူ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့က Pfizer-BioNTech ကာကွယ်ဆေးကို အသုံးပြုဖို့ အတည်ပြုခဲ့ပါတယ်။ ကာကွယ်ဆေးပထမအသုတ်ကို ဒီဇင်ဘာလကုန်မှာ ရရှိနိုင်မှာဖြစ်ပြီး စင်ကာပူဟာ ကမ္ဘာမှာ ကာကွယ်ဆေးရရှိမယ့် ပထမဆုံးသောနိုင်ငံများထဲမှ တစ်ခုဖြစ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။

နောက်လများမှာ အခြားသော ကာကွယ်ဆေးများလည်း ရရှိနိုင်မယ်လို့ မျှော်လင့်ထားပြီး အစီအစဥ်အတိုင်း ဖြစ်လာခဲ့မယ် ဆိုရင်တော့ ၂၀၂၁ ခုနှစ် တတိယသုံးလပတ်မှာ တစ်နိုင်ငံလုံးအတွက် လုံလောက်တဲ့ ကာကွယ်ဆေးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးရရှိတာနဲ့ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရှေ့တန်းမှာတာဝန်ထမ်းဆောင်နေတဲ့ စေတနာ့ဝန်ထမ်းများကို ဦးစွာ ကာကွယ်ဆေးထိုးပေးပါလိမ့်မယ်။ သက်ပြီးရွယ်အိုဖြစ်တဲ့ နိုင်ငံ့ ဝန်ကြီးချုပ်လည်း ဦးစွာဆေးထိုးမှု ခံယူမှာဖြစ်ကြောင်း သိရပါတယ်။

စင်ကာပူနိုင်ငံသားများနှင့် စင်ကာပူမှာ လက်ရှိနေထိုင်နေကြသူများအားလုံး (long-term residents) ကို အခမဲ့ ဆေးထိုးပေးမှာ ဖြစ်ပါတယ်။ ဒါဆို ဒီမှာအလုပ်လုပ်နေတဲ့ နိုင်ငံခြားသားများ အားလုံးလည်း ပြုံးပျော်နိုင်ကြပြီပေါ့။

Pfizer ကာကွယ်ဆေးဟာ အနုတ် ၇၀ ဒီဂရီ ဆဲလ်ဆီးယပ်အောက်မှာ သိုလှောင်ထားရမှာဖြစ်ပြီး လိုအပ်တဲ့ ပစ္စည်းများအတွက် စင်ကာပူဟာ အရန်သင့် အနေအထားဖြစ်နေပြီး စင်ကာပူမှတဆင့် တခြားသောနိုင်ငံများသို့လည်း ကာကွယ်ဆေး ဖြန့်ဖြူးပေးသွားဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က အများပြည်သူကို ပြောကြားသွားခဲ့ပါတယ်။

စင်ကာပူဟာ ကာကွယ်ဆေးများ တဆင့်ခံ သိမ်းဆည်းသိုလှောင်၊ ကုန်သွယ်မှုပြုရာနေရာတစ်ခုဖြစ်လာမှာဖြစ်ပြီး စီးပွားရေး အမြန်ဆုံး ပြန်လည် ဦးမော့လာနိုင်လိမ့်မယ်လို့ သုံးသပ်မိပါတယ်။ ဒီသတင်းကြားရတာ အားလုံးလည်း ပျော်ရွှင်နေကြမယ်လို့ မျှော်လင့်ပါတယ်။

စလုံး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page