နှစ် ၃၀ အတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ရုရှား ပြုလုပ် (အမေရိကန်က မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိ)

နှစ် ၃၀ အတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ရုရှား ပြုလုပ် (အမေရိကန်က မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိ)

ရုရှားရေတပ်က အလက်စကားကျွန်းအနီး ဒါဇင်နှင့်ချီသော စစ်သင်္ဘောများ၊ တိုက်လေယာဉ်များပါဝင် သည့် အရေးပါသော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေပြီး အဆိုပါစစ်ရေးလေ့ကျင့်မှုများက ဆိုဗီယက်ခေတ် နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည်။

ဒုံးကျည်ပစ်ခတ်မှုအမျိုးမျိုး ပါဝင်သည့် ဘာရင်ပင်လယ် ပြင်အတွင်း ယင်းစစ်ရေးလေ့ကျင့်မှုများတွင် စစ်သင်္ဘော ၅၀ ကျော်နှင့် တိုက်လေယာဉ် အစင်း ၄၀ ခန့် ပါဝင် ကြောင်း ရုရှားရေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး နီကိုလိုင်းယက်ဗ်မီနော့ဗ်က ပြောကြားခဲ့သည်။ “ဒီလို ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဘာရင်ပင်လယ်ပြင်မှာ ပထမဆုံးအကြိမ် ပြုလုပ် နေပါတယ်” ဟု ဗိုလ်ချုပ်ကြီး နီကိုလိုင်းက ပြောကြားခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားခဲ့သည်။

သို့သော်လည်း စစ်ရေးလေ့ကျင့်မှုများ မည်သည့်အချိန်တွင် စတင်ခဲ့ပြီး မည် သည့်အချိန် ပြီးဆုံးမည်ဆိုသည်မှာ မရှင်းလင်းပေ။ စစ်ရေးလေ့ကျင့်မှုများက အာတိတ်ဒေသ၌ ခြေကုပ်ရယူလိုပြီ နိုင်ငံ့၏ အရင်းအမြစ်များ ကာကွယ်စောင့်ရှောက်လိုသည့် ရုရှားနိုင်ငံ၏ ကြိုးပမ်းမှုများ၏ တစ်စိတ် တစ်ဒေသဖြစ် ကြောင်း ဗိုလ်ချုပ်ကြီး နီကိုလိုင်းက ဆိုသည်။ “အာတိတ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့ တပ်ဖွဲ့အင်အား တည်ဆောက်နေပါ တယ်။ ကျွန်တော်တို့ အာတိတ်ဒေသရဲ့ ပိုင်နက်တွေကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရုရှားတပ်မတော်သည် မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့ဝင်ရိုးစွန်းဒေသ၌ စစ်ဘက်စခန်းများစွာ ပြန်လည်တည် ဆောက်၍ တိုးချဲ့ခဲ့ရာ လေယာဉ်ပြေးလမ်းများ တည်ဆောက်ခြင်းနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဖြန့် ကြက်ခြင်းတို့ ပါဝင်သည်။ ကမ္ဘာပေါ်တွင် မတူးဖော်ရသေးသော ရေနံနှင့်ဓာတ်ငွေ့များ၏ လေးပုံတစ်ပုံ ခိုအောင်း မည်ဟု ယူဆရသော အာတိတ်ဒေသ၌ ရုရှားနိုင်ငံက စစ်ရေးအရအခြေစိုက်ရန် ဦးစားပေးဆောင်ရွက်ခဲ့သည်။ အာတိတ်ဒေသ၏ သတ္ထုအရင်းအမြစ်များတန်ဖိုးက ဒေါ်လာ ၃၀ ထရီလီယံဖိုးခန့်ရှိမည်ဟု ရုရှားသမ္မတ ဗ လာဒီမာပူတင်က ခန့်မှန်းချက်များကိုကိုးကား၍ ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသအ ဖြစ် အိုမစ်ခ် နျူကလီးယား ရေငုပ်သင်္ဘောနှင့် ဗာရတ်ဂျ် ဒုံးကျည်တပ်ခရူဆာသင်္ဘောတို့က ဘာရင်ပင်လယ်ပြင်၌ လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နေသည့် ရုရှားနိုင်ငံ၏ ပစိဖိတ်ရေယာဉ်စုက ပြော ကြားခဲ့သည်။ စစ်ရေးလေ့ကျင့်မှုတွင် ချပ်ချီကျွန်းဆွယ်ကမ်းရိုးတန်းမှ အနာဒါပင်လယ်ကွေ့ထဲရှိ ပစ်မှတ်တစ်ခုကို အိုနက်ဖ်ဒုံးကျည်ဖြင့် ပစ်ခတ်လေ့ကျင့်မှုလည်း ပါဝင်ခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေစဉ် အလက်စကားကျွန်းအနီး ရုရှားရေငုပ်သင်္ဘောတစ်စီး မြင်တွေ့ခဲ့ရ ကြောင်း အမေရိကန်တပ်မတော်က ပြောကြားခဲ့သည်။ ရုရှားတပ်မတော်၏ စစ်ရေးလေ့ကျင့်မှုများကို အမေရိကန် နိုင်ငံ ပိုင်နက်ပြင်ပရှိ နိုင်ငံတကာရေပြင်အတွင်း ပြုလုပ်နေသည်ဟု အမေရိကန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဘီလ်လူးဝစ်က ပြောကြားခဲ့သည်။

အမေရိကန်မြောက်ပိုင်း အာကာသကွပ်ကဲမှုဌာနချုပ်နှင့် အမေရိကန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ရေငုပ်သင်္ဘောများကို အနီးကပ် စောင့်ကြည့်နေသည်ဟု လူးဝစ် က ပြောသည်။ ရုရှားရေတပ်ထံမှ မည်သည့် အကူအညီတောင်းခံမှုမျှ မရရှိသေးသော်လည်း ကူညီရန် အဆင်သင့် ရှိကြောင်း ၎င်းက ဆိုသည်။ အိုမက်ခ်ရေငုပ်သင်္ဘောကို မြင်တွေ့ရသည်မှာ မကြာခဏဆိုသလိုဖြစ်ကြောင်း ရုရှားသတင်းဌာန အာအိုင် အေနိုဗိုစတီးက ရုရှားရေတပ်၏ ပစိဖိတ်ရေ ယာဉ်စုအားကိုးကား၍ ဖော်ပြခဲ့သည်။

အလက်စကာကျွန်းအနီး ချည်းကပ်လာခဲ့သော ရုရှားရေတပ်မှ တူး-၁၄၂ ကင်းလှည့်လေယာဉ်များပါဝင်သည့် လေယာဉ်အုပ်စုများကို ကြား ဖြတ်ဟန့်တားရန် အက်ဖ် -၂၂ ဂျက်တိုက်လေယာဉ်များ စေလွှတ်ခဲ့ရသည်ဟု အမေရိကန်တပ်မတော်က ပြော ကြားခဲ့သည်။ ရုရှားလေယာဉ်များက အဆိုပါဧရိယာအတွင်း ငါးနာရီနီးပါးကြာ ဆက်လက်ရှိနေခဲ့ပြီး အလက်စ ကားကျွန်းနှင့် ရေမိုင် ၅၀ အကွာအထိ ချည်းကပ်လာခဲ့သည်။ ရုရှားဂျက်တိုက်လေယာဉ်များက နိုင်ငံတကာလေပိုင်နက် အတွင်း ရှိနေခဲ့ပြီး အမေရိကန် သို့မဟုတ် က နေဒါလေပိုင်နက်အတွင်း ဝင်ရောက်ခဲ့ခြင်းမရှိဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ပြိုင် ဘက်တွေက စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့လာပြီး ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းပကားကို သွေးတိုးစမ်းပြီး မြောက်ပိုင်းနယ်မြေမှာ ချည်းကပ်မှုတွေ ပြုလုပ်နေပါတယ်” ဟု အမေရိကန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မှူး ဗိုလ်ချုပ်ကြီး ဂလင်းဒီဗန်ဟက်ခ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း ရုရှားလေ ယာဉ်များအား ကြားဖြတ်ဟန့်တားမှု အကြိမ်ရေတစ်ဒါဇင်ထက်မနည်း လုပ်ဆောင်ခဲ့ရကြောင်း၊ မိမိတို့၏ လေပိုင် နက်ကို ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလက်စကာကျွန်းအနီး ရေငုပ်သင်္ဘော စေလွှတ်ခြင်းအားဖြင့် ရုရှားရေတပ်က အမေရိကန်နိုင်ငံအား သ တိပေးမှုတစ်ခု ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ရုရှားရေတပ်၏ စစ်ဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဗစ်တာ ကရာချန်ကိုအား ကိုးကား၍ ပြောကြားခဲ့သည်။ မိမိတို့အလိုရှိရာနေရတိုင်းကို မိမိတို့ရောက်ရှိနိုင်သည်ဟု ကရာ ချန်ကိုအား ကိုးကား၍ အာအိုင်အေနိုဗိုစတီသတင်းဌာနက ဖော်ပြခဲ့သည်။ ရုရှားတပ်မတော်က စစ်ရေယာဉ်များရှိ နေမှုက ဘာရင်ပင်လယ်အတွင်းရှိ အမေ ရိကန် ငါးဖမ်းလှေများအတွက် အဟန့်အတားတစ်ခုဖြစ်စေသည်။

“ဘာ ရင်ပင်လယ်ပြင်အတွင်းမှာ အမေရိကန်ငါးဖမ်းလှေတွေ အများအပြားရှိနေပြီး ဒီငါးဖမ်းလှေတွေအတွက် လုံခြုံရေး အရ စိုးရိမ်ရစေပါတယ်” ဟု အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကက်ပ်ဝပ်လိုးက ပြောကြား ခဲ့သည်။ ရုရှားနိုင်ငံက ၂၀၁၄ ခုနှစ် တွင် ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယားဒေသကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှားနိုင်ငံနှင့် အနောက်ဥရောပ တိုင်းပြည်များကြား ဆက်ဆံရေးမှာ စစ်အေးခေတ်နောက်ပိုင်း အဆိုးရွားဆုံးအ ခြေအနေ ရောက်ရှိလာခဲ့ရာ ရုရှားတပ်မတော်က မကြာသေးမီနှစ်များအတွင်း တပ်ဖွဲ့ဝင်အရေအတွက်နှင့် စစ်ရေး လေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page