လော့ဒေါင်းဆိုပြီး ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်နေကြတဲ့ မြောက်ဒဂုံက တော်ဝင်အိမ်ရာ
မပြောချင်လဲ ပြောပါတော့မယ် “လော့ဒေါင်း” ဆိုတာဘာအဓိပ္ပါယ်လဲရှင့်.. ကျမ မြောက်ဒဂုံ ၄၁ရပ်ကွက် တော်ဝင်အိမ်ယာ ကပါ…
အိမ်ယာထဲ တိုက်တစ်ခုကမိသားစုတစု ပိုးတွေ့တဲ့အချိန်ကစပြီး အဲ့လမ်းကို “လော့ဒေါင်း” ဆိုပီး ကြပ်ကြပ်မတ်မတ် မလုပ်ဆောင်ခဲ့လို့ (ဘယ်သူ့မှမဖြစ်ချင်တဲ့ ရောဂါကို)ယနေ့ထပ်တိုးလူနာစာရင်းထဲမှာ အချိတ်ဆက်မရှိ လူနာတွေ အိမ်ယာထဲရှိလာခဲ့ပါပြီ…ဘယ်သူမှတော့ ကူးချင်ကြမှာမဟုတ်ပါဘူး…
ပြောချင်တာက လမ်းထိပ် အဝင်အထွက်မှာ သူများ “လော့ဒေါင်း” နယ်မြေလို “အစောင့်အကျပ်တစ်ဦးတောင် မထားခိုင်းပါကြောင်း”…လက်ဆေးရည်/ အပူချိန်တိုင်းဖို့ စက်ကိရိယာ/ လုံခြုံရေး တဦးမှ မထားရှိဖို့ကို အဲ့လမ်းထဲရှိ ဆရာကြီးတွေ စီမံမှုနဲ့ သူတို့လမ်းကို လာမပိတ်နဲ့ လုပ်ချင်တာလုပ်မယ်/ မလုပ်ချင်မလုပ်ဘူးဆိုပြီး ပြောလို့ ရပ်ကွက်အုပ်မှုုးပါမကျန် မနိုင်မနင်းတွေဖြစ်နေပါတယ်..
ဒီလိုလုပ်လို့ရပါသလား? ဒီနေရာမှာ ပြောချင်တာက ဘယ်မိသားစုကိုမှ ရောဂါဆက်မပြန့်စေချင်လို့ အမုန်းခံပြောပြရခြင်းဖြစ်ပါတယ်… ဖြစ်သွားတဲ့ မိသားစုတွေအတွက် (စိတ်မကောင်းဖြစ်ရသလို) ပိုးဆိုတာ ဘယ်သူဘယ်ဝါ မရှောင် အကုန်ကူးမှာမို့လို့ ကျန်းမာရေး အသိစိတ်ဓာတ်ရှိစွာနဲ့ ဝိုင်းဝန်းလုပ်မှ မကူးစက်စေမှာပါ…
လူဦးရေ ထူထပ်တဲ့ တိုက်ခန်းတွေမှာ ကိုယ့်အသိစိတ်ဓာတ်တခုနဲ့ မဆုံးဖြတ်ပဲ အများနဲ့ ပူးပေါင်းလုပ်ဆောင်ပေးမှ အဆင်ပြေပါမယ် ဘယ်ကို တင်ပြရပါမလဲ ကျန်းမာရေးဝန်ကြီးဌာနမှ လူကြီးများ အစွမ်းကုန် ကြိုးစားနေသလောက် ရပ်ကွက်နေလူတွေ မဆင်ခြင် စိတ်ဓာတ်မကောင်းဖြစ်နေရင် အလကားပါဘဲ ကပ်ဆိုး ဖြစ်မှသိရတာ လူတွေ ” စိတ်ဓာတ်”ပါ။ ကွက်ကွက်ကွင်းကွင်း သိလိုက်ရတာ ကျေးဇူးတင်စရာပါ
L Zartar Kyiphyu