ကမ္ဘာကျော် ဘောလုံးသမား ရော်နယ်ဒို ကိုဗစ် ကူးစက်ခံရ

ကမ္ဘာကျော် ဘောလုံးသမား ရော်နယ်ဒို ကိုဗစ် ကူးစက်ခံရ

ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ပြင်သစ်နဲ့ပွဲအပြီးမှာ စစ်ဆေးခဲ့တာဖြစ်ပြီးတော့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကလည်း အတည်ပြုသွားခဲ့ပါတယ်။

“ရော်နယ်ဒိုက ကျန်းမာရေးကောင်းမွန်နေပါတယ်၊ ဘာလက္ခဏာမှလည်းမပြသပါဘူး၊ အခုတော့ သူ တစ်ဦးတည်းသီးသန့်နေထိုင်နေပါပြီ၊ အင်္ဂါနေ့မနက်ပိုင်းက ကျန်ကစားသမားတွေကို စစ်ဆေးခဲ့ရာမှာတော့ အကုန်လုံးက Negative ရလဒ်ထွက်ခဲ့ပါတယ်၊ ဒါကြောင့် အသင်းအနေနဲ့ လေ့ကျင့်မှုတွေကို ဆက်လက်ပြုလုပ်နိုင်မှာပါ” လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ရေးသားပြောဆိုခဲ့ပါတယ်။ ပေါ်တူဂီကတော့ နေးရှင်းလိဂ်ပွဲအဖြစ် ဆွီဒင်နဲ့ ကစားသွားဖို့ရှိနေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page