ကိုဗစ် အိန္ဒိယထိုးဆေးရဲ့ လူတွေ သိပ်မသိသေးတဲ့ အကြောင်းတရားနဲ့ ဆေးတန်ဖိုးအမှန်အကန်
ကိုဗစ် အိန္ဒိယထိုးဆေးရဲ့ လူတွေ သိပ်မသိသေးတဲ့ အကြောင်းတရားနဲ့ ဆေးတန်ဖိုးအမှန်အကန်
ကိုဗစ်အကြောထိုးဆေးက တစ်လုံး ၃၉ ဒေါ်လာပါ အမြင်မတော်လို့ ဝင်လှော်ရပါတယ်။ အဲဒါကတော့ ရမ်ဒတ်ဆဗီးယား (Remdesivir) အကြောဆေးနဲ့ ပတ်သက်ပါတယ်။
အဲဒီထိုးဆေးကို စက်တင်ဘာ ၂၀ ရက်နေ့မှာ Zydus Cadila ဆေးကုမ္ပဏီကနေ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ကိုဗစ် ကပ်ရောဂါကုသရာမှာသုံးဖို့ လွှဲပြောင်းပေးခဲ့တယ် လို့ သတင်းမှာ ဖတ်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ရဲ့ နေပြည်တော်ခရီးစဉ်အတွင်းမှာ အဲဒီထိုးဆေး အလုံး သုံး ထောင်ကို အိန္ဒိယနိုင်ငံက ထပ်လှူခဲ့ပါတယ်။
အဲဒီအကြောဆေးကို အခုမြန်မာနိုင်ငံမှာ လိုအပ်တဲ့ လူနာတွေအတွက် ကိုဗစ်ကပ်ရောဂါ ကုသဖို့ သုံးနေပြီလို့ သိရပါတယ်။ ဆေးတိုးတယ်လို့လည်း ကြားရတော့ ဝမ်းသာစရာပါ။ လာမယ့်ရက်ပိုင်း တွေမှာ သေနှုန်းကျလာ နိုင်စရာရှိပါတယ်။
ဋီကာချဲ့မနေတော့ဘူး။ လိုရင်းပြောရရင် အဲဒီ ရမ်ဒတ်ဆဗီးယား ၁၀၀ မီလီဂရမ် ထိုးဆေးတစ်လုံးရဲ့စျေးနှုန်းက ၂၈၀၀ ရူပီး (အမေရိကန်ဒေါ် လာ ၃၉ ဒေါ်လာ) မြန်မာငွေနဲ့တွက်ရင် ၅၁၀၀၀ ကျပ် (ငါးသောင်းတစ်ထောင်ကျပ်)လောက်ကျ ပါတယ်။ အဲဒါက Zydus Cadila ဆေးကုမ္ပဏီ ကထုတ်တဲ့ ရမ်ဒတ်ဆဗီးယား အကြောထိုးဆေး ရဲ့စျေးနှုန်းပါ။
အိန္ဒိယနိုင်ငံမှာ အဲဒီထိုးဆေးကို ထုတ်နေတဲ့ ကုမ္ပဏီငါးခုမှာ Zydus Cadila က ၅ ခုမြောက် ကုမ္ပဏီဖြစ်သလို ဆေးစျေးနှုန်းလည်း အသက်သာဆုံးလို့ဖတ်ရပါတယ်။ အဲဒီထိုးဆေးကို ပြင်းထန်တဲ့ရောဂါလက္ခဏာပြတဲ့ ကိုဗစ်ရောဂါသည်တွေမှာ အရေးပေါ်သုံးဖို့ အမေရိကန်၊ အိန္ဒိယ၊ စင်္ကာပူ၊ ဂျပန်၊ ဩစတြေး လျ နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေမှာ ခွင့်ပြုထားတယ် လို့လည်း ဖတ်ရပါတယ်။
အခုတလော ဖေ့စ်ဘွတ်ခ် မှာရေးနေကြတာတွေတွေ့တော့ ရမ်ဒတ်ဆဗီးယား ထိုးဆေးတစ်လုံးကို အမေရိကန်ဒေါ်လာ ၅၂၀ လို့ စျေးရေးနေတာတွေ့ရလို့ပါ။ အဲဒါလည်း မမှားပါဘူး။ အမေရိကန်နိုင်ငံရဲ့ပုဂ္ဂလိကဆေးရုံတွေမှာ အဲဒီလောက်စျေးရှိပါတယ်။ ဒါပေမယ့် အခုကျနော်တို့ ဆီမှာသုံးနေတာက အိန္ဒိယနိုင်ငံ၊ Zydus Cadila ဆေးကုမ္ပဏီကထုတ်တဲ့ ရမ်ဒတ်ဆဗီးယား ဆေး ဖြစ်ပါတယ်။
အဲဒါကြောင့်မို့ ၁၀၀ မီလီဂရမ် ထိုး ဆေးတစ်လုံးရဲ့စျေးဟာ မြန်မာငွေ ၅ သောင်းတစ် ထောင် (အမေရိကန်ဒေါ်လာ ၃၉ ဒေါ်လာ)လောက် ပဲရှိတဲ့အကြောင်း အမြင်မတော်လို့ ဝင်လှော်၊ ဝင် ပြောလိုက်ရပါတယ်။ သတင်းအမှားတွေ၊ ထင်ယောင်ထင်မှားသတင်း တွေ၊ သို့လောသို့လောသတင်းတွေ မဖြန့်ကြပါနဲ့။
Yan Myo Thein