မှတ်ပုံတင်နံပါတ်ကို အင်္ဂလိပ်လို ရေးကြတာနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အချက်တချက်

မှတ်ပုံတင်နံပါတ်ကို အင်္ဂလိပ်လို ရေးကြတာနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အချက်တချက်

မှတ်ပုံတင်မှာ (နိုင်) ဆိုရင် အင်္ဂလိပ်လို (N)️ လို့ မရေးပဲ အင်္ဂလိပ်လို (C) လို့ ရေးရမယ် လို့ (Citizen) ဒီနေ့ မှတ်သားစရာ အဖြစ် သိရလို့ တဆင့် ပြန်ရှယ် ပေးပါတယ်

(N)ဆိုတာ သီလရှင် ဖြစ်ပါတယ်တဲ့ ကိုယ့်မှတ်ပုံအမှတ် ၉/မရမ(နိုင်) ကို 9/MaRaMa (C)လို့ ရေးရပါမယ်။ 9/PaMaNa (N)လို့ ရေးရင် သီလရှင် ဖြစ်ပါလိမ့်မယ်။

နိုင် (နိုင်ငံသား) = C (Citizen)၊ ဧည့် (ဧည့်နိုင်ငံသား) = AC (Associate Citizen)၊ ပြု (နိုင်ငံသားပြုခွင့်ရသူ) = NC (Naturalized Citizen)၊ စ (နိုင်ငံသားစိစစ်ခံမည့်သူ) = V (National Verification)၊ သ (သာသနာဝင်) = M (Monk) သီ (သာသနာနွယ်ဝင်) = N (Nun) သီလရှင်ဘဝမှ လွတ်မြောက်ကြစေကုန်သတည်း။

နောက်တစ်ခု ထပ်ထည့်ပေးလိုက်ပါတယ်။ ကကြီးကနေ အ အထိ အင်္ဂလိပ်လို အတိုကောက် ရေးရမယ့် ပုံစံပါ။ ဌာနဆိုင်ရာက မိတ်ဆွေများ ကိုယ့်ဌာနမှာ အမှားပြင်ပေးကြပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page