ဗဟိုချုပ်ကိုင်မှုကြောင့် ရှေ့တန်းကျန်းမာရေးဝန်ထမ်းများ အဆင်မပြေမှုနှင့် ဖျက်သိမ်းရမယ့် ကြိုးနီစနစ်

ကိုဗစ်ကိစ္စ ဝန်ကြီးဌာနဖက်က လုပ်နေတာ ကြိုးနီစနစ်များနေလို့ အောက်ခြေမှာ အဆင်မပြေများနေတာလို့ မြင်တယ်။

အကြံပေးရရင် မယုံကြည်မှုတွေကို မေ့လိုက်ပြီး ကြိုးနီကို လျှော့ပေးလိုက်ပါ။

စင်တာတစ်ခုစီကို တကယ်တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တစ်ယောက်ကို တာဝန်ပေး၊ လိုအပ်တဲ့ ရှောင်ကို ရှောင်ရမယ့် ကိစ္စတွေကို အတိအကျထုတ်ပေးပြီး ကျန်တာကို autonomy ပေးလိုက်ပါ။ စင်တာအချင်းချင်း ချိတ်ဆက်ပြီး လုပ်ခွင့်ပေးလိုက်ပါ၊ အထက်ကို စာတင်ခိုင်းတာမလုပ်ပါနဲ့တော့။ ပြည်ထောင်စုကော်မတီနဲ့ တိုင်းကော်မတီတွေက စောင့်ကြည့်ပြီး လိုအပ်တာပဲ ညွှန်ကြားချက်တွေ တိတိကျကျထုတ်တဲ့ အလုပ်သာလုပ်ပါတော့။

ဒါဆို လူနာတွေအတွက်၊ ရောဂါထိန်းချုပ်ရေးအတွက် အများကြီး ပိုပြီး အဆင်ပြေသွားပါလိမ့်မယ်။

အခုက အထက်အမိန့်စောင့်ရင်းနဲ့ Positive နဲ့ Negative တွဲနေရရင်း ကူးတာတွေ၊ မနိုင်တာကို မတင်ပြရဲဘဲနဲ့ swab မယူနိုင်တော့လို့ အိမ်ကိုပြန်ခိုင်းပြီး ၃-၄ ရက်နေခိုင်းတာတွေ၊ မိဘနဲ့ ကလေးငယ်တွေခွဲထားလို့ လူမှုရေးပြဿနာတက်နေတာတွေနဲ့၊ ပြောရရင် ဒီ ၄-၅ ရက်မှာကို ပြဿနာအများကြီးပေါ်လာတယ်။ ဆိုရှယ်မီဒီယာခေတ်ဆိုတော့လဲ အရင်လို ဖုံးလို့ဖိလို့မရဘူးရယ်။

ကြိုးနီလျှော့ပေးလိုက်ပါ။ လက်အောက်ကလူတွေ မှားခွင့်ပေး၊ ဆုံးဖြတ်ခွင့်ပေးလိုက်ပါ။ ရေရှည်မှာ လူတော်တွေပိုများလာပါလိမ့်မယ်။ အခုအတိုင်းကတော့ ပြည်သူတွေရော အောက်ခြေကျန်းမာရေးဝန်ထမ်းတွေပါ အတော်ဒုက္ခများမှာပါ။

Dr. Kyaw Kyaw Sai

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page