ကမ္ဘာတဝှမ်းရှိ ရေအိုင်တချို့ အနီရောင်သို့ ထူးဆန်းစွာ ပြောင်းလဲလာနေ

အနီရောင်ပြောင်းသွားတဲ့ ရေအိုင်တွေ အကြောင်း

လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀,၀၀၀ လောက်တုန်းက ဥက္ကာခဲတစ်ခုဟာ အိန္ဒိယနိုင်ငံ၊ ဘူလ်ဟားနား (Buldhana) ခရိုင်၊ မဟာသျှတ္တရ (Maharashtra ) ပြည်နယ်ပေါ်ကို ကျလာတယ်။ ဒါကြောင့် ကမ္ဘာမြေကြီးမှာ ချိုင့်ဝှမ်းတစ်ခုဖြစ်သွားတယ်။ လိုနာရေအိုင် (Lonar Lake ) လို့ခေါ်ကြတယ်။

ဒီရေကန်ကြီးဟာ မွမ်ဘိုင်းမြို့အရှေ့ဘက် ကီလိုမီတာ ၅၀၀ ခန့် အကွာမှာတည်ရှိပြီး ခရီးသွားတွေအကြိုက်တွေ့တဲ့ ခရီးသွားအချက်အချာ နေရာတစ်ခုဖြစ်တယ်။ အဲ့ဒီရေအိုင်ကြီးက နေ့ချင်းညချင်း အစိမ်းရောင်ကနေ ပန်းရောင်ရင့်ရင့် (အနီရောင်ဘက်) သန်းသွားခဲ့တယ်ဆိုတဲ့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ သတင်းကို သင် ကြားလိုက်ပါသလား။

ကျွမ်းကျင်သူပညာရှင်တွေက ဒီလိုအရောင်ပြောင်းတာဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူးတဲ့။ ပထမတစ်ခါလည်း ပန်းရောင်သန်းသွားခဲ့သေးတယ်။ အခုတစ်ခါတော့ အနီရောင်ဘက်ရောက်တဲ့အထိ အရောင်ရင့်သွားပြီ။ ဘာလို့ အနီရောင်ပြောင်းသွားတယ်ဆိုတာကို ဒေသခံ ဘူမိဗေဒပညာရှင်တွေက လေ့လာနေဆဲဖြစ်တယ်။

“မိုးမရွာတော့ လိုနာရေကန်မှာ ရေကလည်း အရမ်းနည်းတယ်။ ရေနည်းရင် လေထုပြောင်းလဲမှုကြောင့် ဆားငန်ရေတွေတိုးလာပြီး ရေညှိအနီတွေဖြစ်လာတတ်တယ်” တဲ့။ (ဒေါက်တာ မရသွာဒ နဲ့ ဒေါက်တာ ဆာယာဗန်ရှီကပြော)

တချို့ပညာရှင်တွေက ဒါဟာ ဘက်တီးရီးယား တစ်မျိုးဖြစ်တဲ့ (Halobacteriaceae ) ကြောင့်တဲ့။ ရေအိုင်ရဲ့ရေမျက်နှာပြင် တစ်မီတာအောက်ပိုင်းမှာ အောက်ဆီဂျင် လုံးဝမရှိဘူးလို့ စမ်းသပ်တွေ့ရှိခဲ့ရ။

နောက် ရေအိုင်တစ်ခုက တောင်အမေရိကမှာရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ပါရာဂွေးနိုင်ငံပေါ့။ လွန်ခဲ့တဲ့ ၂ လကျော်က ဖီလာဒဲလ်ဖီးယားမြို့ (Philadelphia) နားက Loma Plata ဆိုတဲ့မြို့မှာ ရေအိုင်ငယ်လေးတစ်ခုက မမျှော်လင့်ဘဲ အနီရောင်ဖြစ်သွားတယ်။

ကျွမ်းကျင်သူတွေက ဒါဟာ သဘာဝဖြစ်စဉ်တဲ့။ အောက်ဆီဂျင် ကုန်ခန်းရင် အဲ့ဒီလိုဖြစ်တယ်လို့ဆိုတယ်။ အဲ့ဒီ ဖြစ်စဉ်က ဒေသခံတွေကို အံ့အားသင့်စေတယ်။ ဘာလို့ ဒီလိုဖြစ်သလဲဆိုတာ အခုအထိကို နားမလည်။ အဲ့ဒီရေကန်ရဲ့ အနီးအနားက ရေအိုင်ငယ်လေးတွေကျတော့ အရောင်မပြောင်းဘူး။

အီရန်နိုင်ငံက Urmia ရေအိုင်ရဲ့ ရေတွေကလည်း ဆားငန်ရေတွေဖြစ်သွားပြီး အစိမ်းရောင်က အနီရောင်ကိုပြောင်းသွားတယ်။ ပညာရှင်တွေက ရေညှိတွေနဲ့ ဘက်တီးရီးယားတွေပွင့်တာမို့လို့ ပြောကြပြန်သတဲ့။ အဲ့ဒီလို အနီရောင်ပြောင်းသွားတဲ့ ရေကန်တွေ ကမ္ဘာကြီးရဲ့ ဟိုနေရာ၊ ဒီနေရာတွေမှာပေါ်လာနေတယ်။

တီဟီရန်တက္ကသိုလ်က ဇီဝဗေဒပညာရှင် Hossein Akhani က” အနာဂတ်မှာ ဒီလိုနဲ့ပဲ ရေအိုင်တွေ ရေခန်းပြီး ပျောက်သွားနိုင်တယ်” တဲ့။ ကမ္ဘာကြီးက ပြောင်းလဲနေတယ်။

မရွှေမိုး (ကိုရီးယား)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page