အငြင်းပွားနယ်စပ်တွင် အိန္ဒိယရာဖေးလ် ဂျက်လေယာဥ်များ ပျံသန်းမှု တရုတ် သတိပေးပြီ

အငြင်းပွားနယ်စပ်တွင် အိန္ဒိယရာဖေးလ် ဂျက်လေယာဥ်များ ပျံသန်းမှု တရုတ် သတိပေးပြီ

ဇွန်လအတွင်း နျူကလီးယားလက်နက်ပိုင်ဆိုင်သော အိမ်နီးချင်းနှစ်နိုင်ငံမှ တပ်ဖွဲ့ဝင်များကြား ခိုက်ရန်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံနှင့်ထိစပ်နေသော အငြင်းပွားနယ်စပ်ဒေသအထက်၌ အိန္ဒိယတပ်မ တော်၏ ပြင်သစ်နိုင်ငံမှဝယ်ယူထားသော ရာဖေးလ်ဂျက်တိုက်လေယာဉ်များ ပျံသန်းမှုများ ပြုလုပ်ခဲ့သည်ဟု တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံတန် ရာဖေးလ်ဂျက်တိုက်လေယာဉ် ၃၆ စင်းအနက် ပထမအ သုတ်ငါးစင်းကို စက်တင်ဘာလ ၁၀ ရက်တွင် တရားဝင် တပ်တော်ဝင်ခဲ့ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာ နတ်ဂျ်ဆင်းက ရန်သူများအတွက် သတိပေးခြင်းတစ်ခုဟု ပြောကြားခဲ့ပါတယ်။

“လာဒါအပါအဝင် စစ်ဆင်ရေးဧရိယာတွေမှာ ရာဖေးလ်ဂျက်တိုက်လေယာဉ်တွေ အကျွမ်းတဝင်ရှိအောင် ပျံသန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်” ဟု အမည်မဖော်လိုသည့် အိန္ဒိယလေတပ်မှ အကြီးတန်းတာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

အငြင်းပွား ဟိမဝန္တာနယ်စပ်တစ်လျောက် တင်းမာမှုများဖြေလျှော့ရန် နှစ်နိုင်ငံကြား အဆင့်အသီးသီး၌ ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ရာဖေးလ်ဂျက်တိုက်လေယာဉ်များ အငြင်းပွားနယ်မြေ၌ ပျံသန်းမှုများပြုလုပ်မှု ကြေ ညာခဲ့ခြင်းဖြစ်ပါတယ်။ ပျံသန်းမှုများကို မည်သည့်အချိန်တွင် စတင်ခဲ့သည်ကို မဖော်ပြခဲ့သော်လည်း ယမန်နေ့က ရာဖေးလ်ဂျက် တိုက်လေယာဉ်တစ်စင်း လာဒါဒေသ၌ မြို့တော်၌ ပျံသန်းနေပုံကို မြင်တွေ့ခဲ့ရပါတယ်။

“ရာဖေးလ်ဂျက်တိုက်လေယာဉ်တွေက ခေတ်မီလက်နက်တွေ ပစ်ခတ်တာတွေ အပါအဝင် တိုက်ခိုက်ရေး လေယာဉ်အုပ်နှင့်အတူ လေ့ကျင့်မှုပြုလုပ်ခဲ့သည်” ဟု ထုတ်ပြန်ချက်က ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page