နှစ်ပေါင်း ၄၀ ကြာ လွှင့်နေတဲ့ တစ္ဆေရေဒီယိုလိုင်းရဲ့ ပိုင်ရှင်နဲ့ တည်နေရာကို ယခုထိ မသိရသေး

နှစ်ပေါင်း ၄၀ ကြာ လွှင့်နေတဲ့ တစ္ဆေရေဒီယိုလိုင်းရဲ့ ပိုင်ရှင်နဲ့ တည်နေရာကို ယခုထိ မသိရသေး

ရုရှားနိုင်ငံတွင် နှစ်ပေါင်း ၄၀ နီးပါး ကြာအောင် မည်သူထုတ်လွှင့်နေမှန်းမသိ သောရေဒီယိုလိုင်းတစ်ခုကို နားထောင် နေရသည်ဟု သိရသည်။ ၁၉၈၂ ခုနှစ်ကတည်းက ယင်းရေဒီယိုလိုင်းသည် တစ်ပတ်လျှင် ခုနစ် ရက်၊ တစ်ရက်လျှင် ၂၄ နာရီ ဆက်တိုက် ထုတ်လွှင့်နေခြင်းဖြစ်သော်လည်း မည်သူ က ထုတ်လွှင့်နေသည်ကို ယခုအချိန်အထိ ပဟေဠိဖြစ်နေကြဆဲဖြစ်သည်။

အဆိုပါ ရေဒီယိုလိုင်းကို ကမ္ဘာတစ်ဝန်း မှစိတ်ဝင်စားသူများပင်ရှိနေပြီး အမျိုးမျိုး လည်း ယူဆလျက်ရှိသည်။ ယင်းရေဒီယိုလိုင်းကို ရုရှားနိုင်ငံအတွင်း စိန့်ပီတာ စဘတ်မြို့နှင့် မော်စကိုမြို့နှစ်နေရာ၌သာ ထုတ်လွှင့်သော်လည်း အဝေးကြီးသို့ ရောက်ရှိနိုင်သော ကြိမ်နှုန်းအနိမ့်ဖြင့်သာ ထုတ်လွှင့်သည့်အတွက် ကမ္ဘာကြီး၏အ ခြားနေရာများတွင်လည်း နားထောင်နိုင်သည်။

စိန့်ပီတာစဘတ် မြို့ပြင်တစ်နေရာ၊ ရေဒီယိုတာဝါ တစ်ခု၊ စွန့်ပစ်အဆောက်အအုံတစ်ခုအစ ရှိသဖြင့် ရေဒီယိုလိုင်းထုတ်လွှင့်ရာနေရာကို အမျိုးမျိုးခန့်မှန်းပြောဆို မှုများရှိခဲ့သော်လည်း ယခုအချိန်အထိ မည်သူကမှ လူရှေ့ထွက်လာ၍ အတည် ပြုပြောဆိုခြင်းမရှိသေးဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page